DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေအခက်အခဲကြောင့် မယ်တော်ဆေးခန်း၏ အသုံးစရိတ် ၂၀ ရာခိုင်နှုန်းလျော့ချ
DVB
·
October 4, 2017
ရန်ပုံငွေအခက်အခဲကြောင့် မယ်တော်ဆေးခန်း၏ အသုံးစရိတ် ၂၀ ရာခိုင်နှုန်းလျော့ချ
Donate to DVB

ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို အခမဲ့ဆေးကုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ ဘဏ္ဍာငွေ အခက်အခဲကြောင့် ဒီအောက်တိုဘာလကစပြီး ဝန်ထမ်းလစာအပြင် တခြားအသုံးစရိတ် ၂၀ ရာခိုင်နှုန်းကို လျှော့ချလိုက်ရတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

“ဒီအောက်တိုဘာလက စပြီးတော့တော့ ကျမတို့ ၂၀ ရာခိုင်နှုန်းတော့ အကုန်လုံးလျှော့ချ တာပေါ့။ ဝန်ထမ်းလစာတွေကြီးပဲ မဟုတ်ဘူး။ တချို့သော အသုံးစရိတ်တွေပေါ့။ လူနာကျွေးမွေးတဲ့ စားရိတ်တွေ၊ နောက်တော့ တချို့သော လူနာလွှဲပြောင်းတဲ့ ကိစ္စတွေပေါ့နော်။ ဥပမာ မဲဆောက်ဆေးရုံကို လူနာလွှဲပြောင်းရင်လည်း တကယ့်အရေးပေါ် အခြေအနေကလွဲလို့ ကျမတို့ အရင်ကလို မပို့နိုင်တော့ဘူးလေ။ အဲလိုမျိုးစရိတ်တွေကိုတော့ ကျမတို့အားလုံး ခြုံကြည့်လိုက်ရင်တော့ ဒီ ၃ လအတွင်းမှာတော့ အရင်သုံးလထက် ၂၀ ရာခိုင်နှုန်း ကျမတို့ လျှော့ချရတာပေါ့။ ”

ဒါ့အပြင် လာမယ့် ၂၀၁၈ ခုအတွက် ရန်ပုံငွေရရှိဖို့လည်း ပြန်လည်ရှာဖွေနေရပြီး ဆေးခန်း ကို အဓိက ထောက်ပံ့နေတဲ့ USAid ကတော့ ပြည်တွင်းပဲ အခြေခံပေးမှာဖြစ်တာကြောင့် အခုလို စားရိတ်တွေကို လျှော့ချရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မယ်တော်ဆေးခန်းက ဆေးဝန်ထမ်းတွေအပြင်၊ ပညာရေးဝန်ထမ်း၊ ရုံးဝန်ထမ်းနဲ့ ပြည်တွင်းက လုပ်ငန်းဌာနအတွက် ဝန်ထမ်းအားလုံး ၄၈၀ လောက်ရှိနေတာဖြစ်ပါတယ်။

ဒီဝန်ထမ်းတွေက အလုပ်ငန်းနဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီး လစာ ထိုင်းဘတ်ငွေ ၄၀၀၀ ကနေ ၁၂၀၀၀ အထိရှိပြီး သူတို့တွေရဲ့ လစာ ၂၀ ရာခိုင်နှုန်းကို လျှော့ချလိုက်တာလို့ ပြောပါတယ်။

လာမယ့်နှစ်တွေမှာ ဘတ်ဂျက်အခြေအနေ ပြန်ကောင်းလာရင်လည်း ဒီဝန်ထမ်းတွေရဲ့ လုပ်ခလစာကို ပြန်လည်ညှိနှိုင်းပေးသွားမှာ ဖြစ်ပေမယ့် လတ်တလောမှာတော့ ဒီလိုလျှော့ချမှုကြောင့် တချို့ဝန်ထမ်းတွေ အခက်အခဲဖြစ်နိုင်တယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

လတ်တလောမှာတော့ ၂၀၁၈ ခုနှစ်အတွက် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်းသာရှိသေးကြောင်း လည်း ပြောပါတယ်။

“ကျမတို့ ၂၀၁၈ အတွက်ကတော့ ရန်ပုံငွေက ကျမတို့လျော့ချထားသည့် တိုင်အောင် တောင်မှလုပ်ငန်းစဉ်တွေတချို့ လျော့ချထားတာတို့၊ ၀န်ထမ်းစားရိတ်လျော့ချ တာတောင်မှ ကျမတို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေရရှိဖို့ကတော့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ပြည့်မှီသေးတော့ ဒါ လက်ရှိ ဒိုနာအသစ်ကို ထပ်ပြီးတော့ရှာရတာ ရှိသလို ပြည်တွင်းလုပ်ငန်းတွေလည်း ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ ပြည်တွင်းမှာရှိတဲ့ ရန်ပုံငွေတွေကိုလည်း ရယူဖို့ ပြင်ရမှာရှိ တာပေါ့။ ”
မယ်တော်ဆေးခန်းမှာ နေ့စဉ်ပြင်လူနာ ၂၀၀ ကနေ ၃၀၀ အကြားရှိနေပြီး အတွင်းလူနာက တော့ ကုတင် ၁၄၀ မှာ လူနာ ၈၀ ရာခိုင်နှုန်းမှာအမြဲရှိနေတာပါ။

ဒေါက်တာစင်သီယာမောင် ဦးဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်းကို ထိုင်းနိုင်ငံ တပ်(ခ်)ခရိုင် မဲဆောက်မြို့အနီးမှာ ၁၉၈၉ ခုနှစ်က စတင်ဖွင့် လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013