DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူဒီဇိုင်းရေးခဲ့သူ ပညာရှင် ဦးအေးမြင့်ကွယ်လွန်
DVB
·
October 4, 2017
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူဒီဇိုင်းရေးခဲ့သူ ပညာရှင် ဦးအေးမြင့်ကွယ်လွန်
1 / 9
Donate to DVB

 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါဝင်တဲ့ မြန်မာကျပ်ငွေ စက္ကူသစ်ကို ဒီဇိုင်းထုတ်ဖို့ တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ မြန်မာမှု ဒီဇိုင်းပညာရှင် ဦးအေးမြင့်ဟာ အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က မန္တလေးမြို့မှာ နှလုံးရောဂါအခံနဲ့ နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားပါတယ်။

ကွန်လွန်ချိန်မှာ အသက် ၈၈နှစ်ရှိပြီဖြစ်ပြီး သူနေထိုင်တဲ့  မဟာဂန္ဓာရုံကျောင်းတိုက်အနီး အမရပူရမြို့ကနေ တောင်အင်းမြောက်အင်းသုဿာန်ကို ဒီနေ့မွန်းလွဲ ၂ နာရီမှာ သဂြိုလ်ခဲ့ပါ တယ်။

ဆရာဦးအေးမြင့်ဟာ အသက်ထင်ရှားရှိစဉ်က ငွေစက္ကူ ပုံရိုက်ဒီဇိုင်း၊ အောင်ဘာလေထီလက်မှတ်၊ တံဆိပ်ခေါင်း၊ ပြက္ခဒိန်စတဲ့ ဒီဇိုင်းတွေကို ရေးဆွဲပေးခဲ့တဲ့ မြန်မာမှု ရိုးရာ ဒီဇိုင်းပညာရှင်ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ဒီဇိုင်းကို ငွေစက္ကူပေါ်မှာ ရေးဆွဲခဲ့လို့ ထင်ပေါ်ခဲ့သူဖြစ်ပြီး အိမ်တွင်းစက်မှုလက်မှုဌာနခွဲ ဆောင်းဒါးရက်ကန်းကျောင်းမှာ ပန်းချီဒီဇိုင်းနည်းပြဆရာအဖြစ် အသက်ရှိစဉ်ကာလတလျှောက်မှာ တာဝန်ယူခဲ့တာပါ။

မြန်မာ့ပြခန်းမွန်းမံမှုပညာအဖြစ် အီတလီ၊ ကမ္ဘာ့ကုန်စည်ပြပွဲ ဂျပန်၊ အင်္ဂလန်၊ ဂျာမဏီတွေမှာ မြန်မာ့မူဒီဇိုင်းရေးဆွဲတဲ့ တာဝန်ယူခဲ့သလို မင်းကွန်းပိဋိကတ် စေတီ၊ ကမ္ဘာအေးအဆူ ၂၀ နဲ့ ဓမ္မသဘင်၊ စွယ်တော်မြတ်စေတီနဲ့ ရွှေတိဂုံစောင်းတန်းအပါဝင် မြန်မာပြည်ဒေသတချို့က စေတီ၊ ဓမ္မာရုံတွေဒီဇိုင်းပုံထုတ်ရာမှာကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာမှုဆောင်းပါးနဲ့ မြန်မာဒီဇိုင်းစာအုပ်တွေကို ရေးသားပြုစုခဲ့တဲ့ ဆရာဦးအေးမြင့်ကို မန္တလေးမြို့က အဘ ဦးကျောက်၊ အမိ ဒေါ်စံတို့က ၁၉၃၀ခုနှစ် ဖေဖော်ဝါရီ ၂ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သားသမီး ၄ယောက် မြေး ၄ယောက်ကျန်ရှိပါတယ်။

သတင်းနှင့် သတင်းဓာတ်ပုံ- တာရာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013