
ပေါ်ဆန်းချောဆန်ကွဲ
ဝါးတန်း ကုန်စည်ဒိုင်မှာ ပေါ်ဆန်းချောဆန်ကွဲက ၁ အိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၇,၅၀၀ ကျပ်ကနေ ငွေကျပ် ၁၈,၀၀၀ ပေါက်ဈေးရှိပါတယ်။
နွေဆန်
နွေဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၂၄,၀၀၀ ကနေ ၂၄,၃၀၀ ပေါက်ဈေးရှိပါတယ်။
ဧည့်မထဆန် ၂၅ မှတ်တန်
ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၂၀,၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မတ်ပဲ
မန္တလေး ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ အိတ်ကို ငွေကျပ် ၅၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ အိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၃,၆၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲပုတ်(ဗမာ)
ပဲပုတ်(ဗမာ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၉၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၈,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၃,၇၀၀ ပေါက်ဈေးရှိပါတယ်။
စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၃၈၀ က်ျကနေ ငွေကျပ် ၄၂၀ ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











