DVB Logo
Home
မြန်မာသတင်း
ရွှေအိမ်စည်၏ သရဖူပြန်ရုပ်သိမ်းသည့်ကိစ္စ ရခိုင်အရေးဗွီဒီယိုနှင့် လုံးဝမပတ်သက်ဟုဆို
DVB
·
October 4, 2017
ရွှေအိမ်စည်၏ သရဖူပြန်ရုပ်သိမ်းသည့်ကိစ္စ ရခိုင်အရေးဗွီဒီယိုနှင့် လုံးဝမပတ်သက်ဟုဆို
Donate to DVB

 

အလှမယ် ရွှေအိမ်စည်ရဲ့  သရဖူကို ပြန်ရုပ်သိမ်းလိုက်တဲ့ကိစ္စဟာ ရခိုင်ပြည်နယ်အရေး ပြောကြားခဲ့တဲ့ ဗွီဒီယိုနဲ့ လုံးဝ မပတ်သက်တဲ့အကြောင်း မယ်စကြာဝဠာမြန်မာအဖွဲ့ ကကြေညာလိုက်ပါတယ်။

“Miss Universe Myanmar Organization ၏ ရွှေအိမ်စည်နှင့်ပက်သက်သည့် ဆုံးဖြတ်ချက်မှာ ရခိုင် video file နှင့် လုံးဝပက်သက်မှုမရှိပါ။ ယခုတင်ထားသော Video file မှာ ကောင်းမွန်သော်လည်း ယခုထက်ပိုမိုပြည့်စုံစွာရိုက်ကူးနိုင်ပါပိုမိုအကျိုးရှိနိုင်မည်ဖြစ်ပါသည်။”လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းဟာ နိုင်ငံရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်တာ၊ ပဋိပက္ခတွေနဲ့ လူသားအချင်းချင်း အမုန်းတရားတွေ ကြီးထွားစေဖို့ ပြောဆိုရေးသားတာ၊ အများသူငှာထိရှလွယ်တဲ့ အကြောင်းတရားတွေကို အသုံးချတာတွေ လုံးဝ ဆောင်ရွက်ခြင်းမရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

၂၀၁၇ မယ်စကြာဝဠာမြန်မာရဲ့  1st Runner Up အလှမယ် ရွှေအိမ်စည်ဟာ နိုင်ငံကိုယ်စားပြုအလှမယ်တဦးရဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီမှုမရှိတဲ့ ပြောဆိုမှုကြောင့် သရဖူကို ပြန်ရုပ်သိမ်းကြောင်းနဲ့ Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမယ့် အစီအစဉ်ကို ရပ်ဆိုင်းကြောင်း  မယ်စကြာဝဠာမြန်မာအဖွဲ့ကကြေညာထားတာပါ။

အလှမယ်ရွှေအိမ်စည်ကတော့ မယ်စကြာဝဠာမြန်မာအဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိသလို ခိုင်လုံမှုမရှိကြောင်းနဲ့ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ လုံးဝလက်မခံဘဲ ပယ်ချကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-Shwe Eain Si

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013