DVB Logo
Home
ဘောလုံး
ကာစီမီရို၏ ပြောင်းရွှေ့ကြေးကိစ္စ အငြင်းပွားနေ
DVB
·
June 23, 2026
Photo: Reuters/Vincent Carchietta
Photo: Reuters/Vincent Carchietta
Donate to DVB

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ကာစီမီရိုရဲ့ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့မှုဟာ ပြောင်းရွှေ့ကြေး ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေပါတယ်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ကာစီမီရိုက သဘောတူထားတာပါ။

ဒါပေမဲ့ လော့စ်အိန်ဂျလိစ် ဂလက်ဆီအသင်းက ကာစီမီရိုကို ပထမဆုံး စတင်ချိတ်ဆက်ခဲ့လို့ ရှာဖွေတွေ့ရှိမှု အခွင့်အရေးအတွက် ပေါင် ၇၅၀,၀၀၀ လျော်ကြေး တောင်းဆိုနေတာ ဖြစ်ပါတယ်။ 

အင်တာမီယာမီကတော့ ပေါင် ၄၅၀,၀၀၀ နဲ့ ညှိနှိင်းဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် ဂလက်ဆီအသင်းက အင်တာမီယာမီကို စည်းမျဉ်းချိုးဖောက်မှုအတွက် ပေါင် ၇၅၀,၀၀၀ ဒဏ်ရိုက်ဖို့ပါ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013