DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီအသုံးပြု တိုးချဲ့လျှပ်စစ်ဒရုန်း ပေါင် ၂၀ ၀န်နှင့် ၃ နာရီကြာ ပျံသန်းနိုင် (ရုပ်သံ)
DVB
·
October 4, 2017
ဓာတ်ဆီအသုံးပြု တိုးချဲ့လျှပ်စစ်ဒရုန်း ပေါင် ၂၀ ၀န်နှင့် ၃ နာရီကြာ ပျံသန်းနိုင် (ရုပ်သံ)
Donate to DVB

 

ဓာတ်ဆီအသုံးပြု တိုးချဲ့လျှပ်စစ်ဒရုန်းက ပိုမိုကြံ့ခိုင်ပြီး အချိန်ကြာကြာ ပျံသန်းနိုင်ပါတယ်။ Top Flight Technologies ကုမ္ပဏီရဲ့ အဲဘော့ တန်းခေ (Airbrog 10K) ဒရုန်းက တောင့်တင်းပြီး ပေါင်၂၀ ဝန်နဲ့  ၃နာရီကြာ ပျံသန်းနိုင်ပါတယ်။

Top Flight Technologies ကုမ္ပဏီရဲ့ စီးအီးအိုတဦးဖြစ်တဲ့ လောင်းဖန်က “Airborg က ကျနော်တို့ရဲ့ တမူကွဲပြားတဲ့ မောင်းသူမဲ့ယဉ် မော်ဒယ်အသစ်ဖြစ်ပြီး ဘက်ထရီအားသုံး ဒလက်လေးခုပါ ဒရုန်းတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည် ၃ ခုရှိပါတယ်။ နာရီပေါင်းများစွာ ပျံသန်းနိုင်မှု၊ သင့်တင့်တဲ့ ဝန်တင်ဆောင်နိုင်မှုနဲ့ ဆင်ဆာတွေနဲ့ ဆက်သွယ်ရေးကိရိယာတွေအတွက် ကိုယ်တိုင်စွမ်းအင်ပေးနိုင်မှု စတဲ့ စွမ်းရည်တွေပဲဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဝေးလံကျယ်ပြောတဲ့ ဧရိယာကို စောင့်ကြည့်ထောက်လှမ်းတာမျိုး လုပ်ဆောင်ဖို့ သင့်လျှော်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ၊ လုံခြုံရေးလုပ်ငန်းတွေနဲ့ သဘောင်္ကျင်းတွေမှာ အသုံးပြုနိုင်ဖို့ လည်း ရည်ရွယ်ပါတယ်။ ဒရုန်းမှာ ဓါတ်ဆီအင်ဂျင်တစ်လုံးတပ်ဆင်ထားပြီး ဘက်ထရီအား သွင်းဖို့နဲ့ အီလက်ထရောနစ် ပစ္စည်းတွေအတွက် စွမ်းအင်ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ဓါတ်ဆီဖြည့်တင်းပေးဖို့ပဲ လိုအပ်ပြီး အရင်က ဒရုန်းတွေလို အချိန်ကုန်ခံပြီး ဘက်ထရီအားသွင်းနေစရာ မလိုပါဘူး။

ဈေးကွက်ထဲက ဒရုန်းအများစုက ဘထရီအားသွင်းပြီး လေထဲမှာ ၁၅ မိနစ် နာရီဝက်သာ ပျံသန်းနိုင်ပါတယ်။ Airbrog 10K ဒရုန်းကို ဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ဝယ်ယူနိုင်ပြီး အသုံးပြုသူရဲ့ လိုအပ်ချက်အလိုက် အော်ဒါပြုလုပ်ပေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013