DVB Logo
Home
မြန်မာသတင်း
ဆီပေပါများ တင်ဆောင်လာသော ယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်
DVB
·
October 4, 2017
Donate to DVB

ပဲခူတိုင်းဒေသကြီး ညောင်လေးပင်မြို့တော် ဝိကျေးရွာနားမှာ အောက်တိုဘာလ ၄ ရက် မနက် ၉ နာရီခွဲလောက်က ဆီပေပါတွေ တင်ဆောင်လာတဲ့ ယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မြို့မရဲစခန်းက သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စိုင်းလင်းငယ်၊ ယာဉ်နောက်လိုက် ရဲနိုင်ဦးတို့ မောင်းနှင်လာတဲ့ ၁၈ ဘီးယာဉ်၊ ယာဉ်အမှတ် 9F/9801 Nissan Diesel ဆီပေပါများ တင်ဆောင်လာတဲ့ ယာဉ်မှာ မိုင်တိုင်အမှတ် (၁၀၃/၃) အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို တိမ်းမှောက်သွားခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့ဦးခေါင်းကွဲကျေ၊ ဘန်ကာပိန်ချိုင့် ပျက်စီးကာ ကာလတန်ဖိုး ၁၀ သိန်းခန့် ဆုံးရှုံးခဲ့ရပြီး ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာမရရှိဘဲ ယာဉ်မောင် စိုင်းလင်းငယ်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း စိုင်းလင်းငယ်ကို ညောင်လေးပင် မြို့မရဲစခန်းမှယာဉ်(ပ)၊ ၄၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013