DVB Logo
Home
မေးမြန်းခန်း
စစ်တပ်ကဖြစ်ရင်လည်း ပြည်သူတွေ အခြေခံထားတဲ့ အတွက် ဥပဒေ လိုက်နာရမယ်
DVB
·
March 28, 2012
စစ်တပ်ကဖြစ်ရင်လည်း ပြည်သူတွေ အခြေခံထားတဲ့ အတွက် ဥပဒေ လိုက်နာရမယ်
Donate to DVB

တပ်မတော်က ထုတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရရုံမကပဲ  ပြည်သူတွေကြား ထဲက ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေဟာ ပြည်သူတွေက ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး က ပြောလိုက်ပါတယ်။

[caption id="attachment_12569" align="alignleft" width="300" caption="အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး​"][/caption]

တပ်မတော်နဲ့ဆိုင်တဲ့ ဘက်ဂျက်ကိစ္စတွေ နဲ့ နည်းဥပဒေတွေ လိုက်နာရေးတွေနဲ့ ပတ်သက်ပြီး သူရဦးတင်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကျနော်တခု မေးချင်တာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကတော့ ပြည်ထောင်စု လွှတ်တော်က ချပေးလိုက်တဲ့ ဘတ်ဂျက်ကို ပဲ သုံးစွဲမယ်။ ဒီကနေပြီး တပ်မတော် ကို ကောင်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ် ဆိုပြီး ပြောသွားတယ်။ ဘဘတို့ အရင်ခေတ်တုန်းက ကာကွယ်ရေး အသုံးစရိတ်တွေကို ဘယ်လို သုံးစွဲကြလဲ။ အရင်တုန်းက ဘယ်လိုရှိလဲ ဘဘ။

“ဟိုတုန်းက နိုင်ငံတော်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီးက ၀န်ထမ်းတွေနဲ့ အုပ်ချုပ်တာပဲ ရှိတာပဲ။ တကယ် တိုင်းပြည်မှာ ကာကွယ်ရေး ဦးစီးချုပ် ကို စီမံခန့်ခွဲတာ က ပြည်သူ့လွှတ်တော်ပါ။ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းတဲ့အောက် မှာ ကာကွယ်ရေး ၀န်ကြီး ရှိတယ်။ ကာကွယ်ရေး ၀န်ကြီးက ကာကွယ်ရေး ၀န်ကြီးဌာန အလုပ်အမှုဆောင် အဖွဲ့ရဲ့ ဥက္ကဋ္ဌ မဟုတ်ဘူး။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးရဲ့ အမှုဆောင်ဥက္ကဋ္ဌ က အတွင်းဝန်က လာတဲ့ အတွင်းဝန် ကာကွယ်ရေး ၀န်ကြီးဌာန၊ သူက အဓိက ဥက္ကဋ္ဌ။ နိုင်ငံရေးနဲ့ ပတ်သက်ရင် လည်း သူတို့ချမှတ်တဲ့ လမ်းစဉ်နဲ့ ဆောင်ရွက်နိုင်ဖို့ ပါလီမန် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေး အဖွဲ့ ဆိုတာ ရှိတာပဲ။ သူတို့ ၂ ခုက ကာကွယ်ရေးဝန်ကြီးက တိုင်ပင်ပြီး လုပ်ကြတယ်။ သြဇာညောင်းတယ်၊ အဲဒီ့ ဆုံးဖြတ်ချက် မှာ မူတည်ပြီး ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြီးတော့ သူပေးတဲ့ အကြံဥာဏ်နဲ့ သူ လုပ်ဆောင်ချင်တာတွေကို တင်ပြပြီးတော့ သဘောတူရင် လုပ်တဲ့ ကိစ္စပါပဲ။

ဆိုလိုတာက ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းက စိုးမိုးတာက လွှတ်တော်က စိုးမိုးတာပဲ။ လွှတ်တော်က သဘောမတူပဲ ဘာမှလုပ်လို့မရဘူး။ ကျနော်တို့ ဘတ်ဂျက်ဆိုလည်း လွှတ်တော်မှာ ဖြတ်တောက်တယ် ဆိုရင်လည်း ခံရတာပဲ။ ဒါတွေက တော်တော်များများ ပျက်စီးသွားပြီး ဘတ်ဂျက်တွေနဲ့ ပတ်သက်တာ အားလုံးကို ပြည်သူလူထု ကို ပြောတာ ဆိုတာ မရှိတော့ဘူး။ ကိုယ့်ဟာကို ဆုံးဖြတ် သတ်မှတ်ပြီး လက်မှတ်ထိုး အတည်ပြု လိုက်တာက သိသာမြင်သာ မရှိဘူးပေါ့။ အခုလည်းပဲ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်တဲ့ ကိစ္စအပြင် ဗိုလ်ချုပ်တွေ အာဏာတည်တံ့ ခိုင်မြဲဖို့ အတွက် ထုံးစံအတိုင်း ရန်ပုံငွေနဲ့ ပတ်သက်တာ အားလုံးကို သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကပဲ စီမံခန့်ခွဲနေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြည်သူလူထု နဲ့ ပတ်သက်တဲ့ ပါလီမန်တို့ ဘာတို့ကိုက မေးမြန်းခြင်း အသိပေးခြင်း၊ ထုတ်ဖော်ခြင်း ဘာမှ မလုပ်ရဘူး။ ဒါတွေက မကောင်းဘူး။ အဓိပ္ပာယ် ကတော့ ပြည်သူလူထုရဲ့ ငွေတွေ ကို  ပြည်သူလူထု ကိုတော့ အသိပေးပြီး ဆောင်ရွက်ရမယ် ဆိုတာတော့ လွှတ်တော်ရဲ့ သဘောပေါ့။ တနည်းအားဖြင့်ဆိုရင် အခုပုံစံက လွှတ်တော်က စစ်တပ်ကို စိုးမိုးရမယ့် အစား၊ စစ်တပ်ရဲ့ အစိတ်အပိုင်း တခုကနေ လွှတ်တော်ကို ပြန်စိုးမိုးတဲ့ အနေအထားတွေ ရှိနေတာကြောင့် ဒီအခြေအနေကနေ ၀ိုင်းဝန်းပြီး ကြိုးစား လုပ်ရမယ်ပေါ့။

အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နဲ့ ပတ်သက်ပြီး သဟဇာတ ဖြစ်ပြီးတော့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်ရှိ ကျရောက်နေတဲ့ ဒုက္ခအပေါင်းကို အောင်မြင်အောင်လို့ ဆိုပြီး ဖိတ်ခေါ်ထားတာ ရှိတာပဲ။ အဲလိုပဲ ဒီနေ့အခင်းအကျင်းကို ပြောနေတာပါ။”

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဒီနေ့စစ်ရေးပြ အခမ်းအနားမှာ အရပ်ဖက် ဥပဒေတွေကို လိုက်နာဖို့ သူ့စစ်တပ်ကို ပြောတယ်လို့ ကြားသိရတယ်။

“အဲဒါက အရေးအကြီးဆုံးပဲ၊ ကျနော် ကာကွယ်ရေးဦးစီးချုပ်တုန်းကလည်း တပ်မတော်က ထုတ်ထားတဲ့ ဥပဒေတွေကို တပ်မတော်သားတွေက လိုက်နာရရုံတင် မက ပြည်သူပြည်သားတွေက ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း ကျနော်တို့တွေက ပိုပြီး လိုက်နာ ကျင့်သုံးရမယ် ဆိုတာ အရင်တုန်းက ကျနော်တို့ အလုပ်အမှုဆောင် အဖွဲ့တို့ ဘာတို့က သတ်မှတ်ထားပြီးသားပဲ။ ဒါကြောင့် နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ရင် ဘယ် အဖွဲ့အစည်းကမှ တပ်မတော်ကလည်း ပါဝင် မစွက်ဖက်ရဘူး။ အသုံးချခံ မလုပ်ရဘူး။ သို့သော် ကိုယ့်ယုံကြည်ချက်နဲ့ ပတ်သက်တာကိုတော့ မဲပေးနိုင်တာပေါ့။

လွတ်လွတ်လပ်လပ်တော့ မဲပေးခွင့်ရှိတယ်။ အခု သူတို့ပြောတာကိုလည်း ၀မ်းသာပါတယ်။ တပ်မတော်သားတွေနဲ့ ပတ်သက်လို့ အဲဒီလိုပြောတယ် ဆိုရင်တော့ နည်းနည်းကြိုဆိုရ မှာပေါ့။ ကျနော် ခဏ ခဏပြောတယ်။ ဘုန်းကြီးဝတ်လို့ ၂၂၅ သော သိက္ခာကို လိုက်နာနေရတာကြောင့် ငါးပါးသီလ မလိုက်နာရဘူး ဆိုတာ ဘယ်ဖြစ်မလဲ။ ကိုရင်ရဲ့ သိက္ခာပုဒ်တွေ မလိုက်နာလို့ ဘယ်ဖြစ်မလဲ။ ရဟန်းဖြစ်ရင် ရဟန်းကျင့်ဝတ် ကို လိုက်နာရမယ်။ ဒီလိုပဲ ပြည်သူလူထုတွေ လိုက်နာနေတဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပဲ။ စစ်သားတယောက်ဖြစ်ရင် စစ်တပ်ကဖြစ်ရင်လည်း ပြည်သူတွေ အခြေခံထားတဲ့ အတွက်ကြောင့် ဥပဒေကို လိုက်နာရမယ်။ တပ်ဖြစ်တာကြောင့် တပ်မတော် အက်ဥပဒေ မှာ ပုဒ်မ ၇၂က အရေးကြီးဆုံးပဲ။

ဘာပြောထားလည်း ဆိုတော့ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀များ ကို ပြည်သူလူထုသည် တရားမျှတ သည် ဖြစ်ကြောင်း။ တပ်မတော်က ဆောင်ရွက်ချက် သည် တပ်မတော်က အရေးယူနိုင်ခွင့် အချက်တို့သည် တရားမျှတသည် ဖြစ်ကြောင်း ကို ပြည်သူလူထုအား ထင်သာမြင်သာ ဖြစ်စေရမည် ဆိုတာ ပုဒ်မ ၇၂ မှာ ပြန်ဆိုထား တယ်။ အဲဒါကို အလေးအနက်သိတယ် ဆိုရင် ကျနော် ကြိုဆိုတယ်။”

ဘာများပြောပြချင်သေးလဲ ဘဘ။

“အဲဒီလိုဆိုရင် ကျနော်တို့နဲ့ တပ်မတော်နဲ့  အဆင်ပြေဖို့ပဲ။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ နဲ့ တပ်မတော်နဲ့ ပိုမိုပြီးတော့ အညီအမျှ ဖြစ်ဖို့ပဲ ဆိုတာကို မီးမောင်းထိုးပြ တဲ့ အခင်းအကျင်း ဖြစ်တယ် ဆိုရင် တကယ်လို့ ပြောတာ ဟုတ် မှန်တယ် ဆိုရင် ထောက်ခံ တယ်၊ ကြိုဆိုတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဲဒါကို လိုလားနေတယ်။ ဒီလိုပဲ ဒါကိုပဲ အလေးနက်ထားပြီး ပြောတယ်။ ပြည်သူလူထုရဲ့ ခေါင်းဆာင်မှုကို ခံယူရမယ်။ ဆိုလိုတာက ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ဥပဒေအားလုံးမှန်သမျှကို တပ်မတော်က လိုက်နာရမယ်။ ဒါပါပဲ။ ငါတပ်မတော်သား ဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေ ငါ မလိုက်နာရဘူး ဆိုတာ မဟုတ်ဘူး။ အဓိပ္ပာယ်ကတော့ တပ်မတော်သားဖြစ်တဲ့ အတွက် ပြည်သူလူထု အတွက် ထုတ်ပြန်ထားတဲ့ တရားမျှတတဲ့ ဥပဒေမှန်သမျှကို သူတို့က တရားဥပဒေနဲ့ အညီ လိုက်နာဆောင်ရွက်ရမယ်။ အဲဒါမှသာလျှင် ဒီမိုကရေစီကို ရှေးရှုနိုင်မှာဖြစ်တယ်။ တပ်မတော်ဟာ ပြည်သူ့အတွက်။ ဒါပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013