DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး မီဒီယာများတွင် ဖော်ပြနေသည့်ကိစ္စ ပြန်ကြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
DVB
·
October 4, 2017
Donate to DVB

ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ပြည်တွင်း ပြည်ပ မီဒီယာတွေမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးက မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း အစည်းအဝေးခန်းမမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအခြေစိုက် မီဒီယာတွေကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

တွေ့ဆုံဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က လက်ရှိဖြစ်ပေါ်နေတဲ့ မီဒီယာဆိုင်ရာ ကိစ္စရပ်တွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအပေါ် ပြည်တွင်း ပြည်ပ မီဒီယာတွေရဲ့ ဖော်ပြမှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတချို့က ဖိအားပေးနေမှုနဲ့ လက်ရှိအစိုးရရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

တက်ရောက်လာတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအခြေစိုက် မီဒီယာတွေကလည်း ထင်မြင်ယူဆချက်၊ ကိုယ်ပိုင်အမြင်တွေကို ကဏ္ဍအလိုက် လွတ်လပ်စွာ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ သတင်းမီဒီယာကောင်စီ၊ နိုင်ငံခြားသတင်းထောက်များအသင်း၊ သတင်းစာဆရာအသင်း၊ စာနယ်ဇင်းသမဂ္ဂ၊ ဂျာနယ်လစ်ကွန်ရက်တို့က တာဝန်ရှိသူတွေ၊ ဒီဗွီဘီ အပါအဝင် ရုပ်သံနဲ့ ပုံနှိပ်မီဒီယာတွေအပြင် ကိုမင်းကိုနိုင်နဲ့ ကိုမြအေး စတဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013