DVB Logo
Home
မြန်မာသတင်း
ပဲခူး၌ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်း ရှင်းလင်းပွဲနှင့် ရုံးဖွင့်ပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
October 4, 2017
Donate to DVB

၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်း သတင်းစာရှင်းလင်းပွဲနဲ့ ရုံးခန်းဖွင့်လှစ်တဲ့ အခမ်းအနားကို ဒီနေ့မနက်  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ Grand Social ခန်းမမှာ ကျင်းပပါတယ်။

အခမ်းအနားကို နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးဗဟိုကော်မတီမှ ကဏ္ဍအသီးသီးမှာ တာဝန်ယူထားသူတွေနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ဖြစ်မြောက်ရေး ကော်မတီဝင်တွေအပြင် စိတ်ဝင်စားသူအချို့ပါ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဗဟိုကော်မတီမှာတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးမှ တာဝန်ခံအဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရုံးခန်းဖွင့်ပွဲကို နေ့လယ်ပိုင်း ပဲခူးမြို့ လိပ်ပြာကန် တိုက်တန်းလျားရှိ တိုက်(၄) အခန်း(၁၂) မဂ္ဂ-၁ လမ်းမှာ ကျင်းပဖို့ ရှိနေပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း(လက်ပံတန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013