DVB Logo
Home
မြန်မာသတင်း
မြို့သစ်​မြို့နယ်​အတွင်းရှိ ပုလင်း​ချောင်း ​ရေ​ကျော် သွားလာ​ရေးခက်​ခဲ
DVB
·
October 4, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး-မြို့သစ်-နတ်မောက် လမ်းပိုင်း၊ မြို့သစ်မြို့နယ်၊ ပုလင်းကျေးရွာအနီး၊ ပုလင်းချောင်းရေကျော်တွင် မိုးရွာသွန်းမှုကြောင့် ချောင်းရေတွေ ကျဆင်းတယ်လို့ သိရပါတယ်။

အဆိုပါချောင်းရေ ကျဆင်းမှုကြောင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေးမြို့တွေကို သွားရောက်မယ့် ခရီးသွား ကားကြီး ကားငယ်တွေ လမ်းပိတ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ယာဉ်မောင်းတဦးက “ဒီလိုမျိုး မိုးတွင်းဆိုရင် ဒီပြဿနာက နှစ်တိုင်း ကြုံတွေ့ရတယ်။ ရေလျော့တဲ့အချိန်ကို စောင့်ရတဲ့အတွက် ကျနော်တို့ ကားသမားတွေ၊ ခရီးသွားပြည်သူတွေမှာ အချိန်တွေ အရမ်းကြန့်ကြာတာပေါ့။ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူတွေ သွားလာရေး အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးသင့်တယ်”လို့ ပြောပြပါတယ်။

မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက “မြို့သစ်မြို့နယ်ထဲက ပုလင်းချောင်း ရေကျော်နဲ့ ရွှေပန်းပင်ချောင်းရေကျော် ၂ ခုက ရေကျလာပြီဆိုရင် ရေအားကောင်းတဲ့အတွက် ခရီးသွားတွေအနေနဲ့ နည်းနည်းတော့ စောင့်ရတယ်။ လက်ရှိမှာတော့ ကုန်ကျစရိတ်တွက်ချက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး လမ်းဦးစီးဌာနတို့ကိုတော့ တင်ပြထားပါတယ်”လို့  ပြောပါတယ်။

သတင်း - သားကြီး(တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013