DVB Logo
Home
ရွေးကောက်ပွဲ
မော်လမြိုင် ကြံ့ခိုင်ရေးပါတီ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပုတ်ခတ်
DVB
·
March 28, 2012
မော်လမြိုင် ကြံ့ခိုင်ရေးပါတီ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပုတ်ခတ်
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ ကြံ့ခိုင်ရေးပါတီဝင်တွေက  မြို့တွင်းရပ်ကွက်တွေကို တလမ်းဝင် တလမ်းထွက်ပြီး မဲဆွယ်စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်စေတဲ့ စကားလုံးမျိုးနဲ့ ပြောဆို စည်းရုံးနေတယ်လို့ မြို့ခံ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကြံ့ခိုင်ရေးပါတီဝင်တွေက တလမ်းဝင် တလမ်းထွက် အိမ်ပေါ် တက်ပြီး မဲဆွယ်တယ်။ သူတို့ကိုမဲပေးဖို့ ခွပ်ဒေါင်း ကို မပေးဖို့ပေါ့။ အိမ်ရှင်တွေကနေ ခွပ်ဒေါင်း ရယ်၊ ခြင်္သေ့ရယ် ဘယ်လို ကွဲလဲတော့ မသိချင် ဟန်ဆောင် ပြန်မေး တယ်။ ခွပ်ဒေါင်းဆို တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတဲ့။ ဗိုလ်မင်းရောင်ကို သတ်တာ အင်္ဂလိပ်ကသတ်တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဘိုးက ဗိုလ်မင်းရောင်တဲ့။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားသမီးတွေကလည်း အင်္ဂလန် နိုင်ငံသားတွေ ဖြစ်နေတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ နိုင်သွားရင် ကိုယ့်မြန်မာနိုင်ငံက လူတွေကို အင်္ဂလိပ်တွေက ပြန်သတ်ဦးမှာပဲတဲ့။ မသိနားမလည်တဲ့ သူတွေ၊ အားနည်းတဲ့သူတွေကို ဖိအားပေး မဲဆွယ်နေတယ်။”

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ ပျက်နေတဲ့ လမ်းတွေကို ဖာထေးပြီး မဲဆွယ်တဲ့နေရာမှာ လက်ညှိုးထိုးပြပြီး ဒါဟာခြင်္သေ့ကနေပြီး လမ်းခင်းပေးနေတာ ဆိုပြီး လက်ညှိုးထိုး မဲဆွယ်စည်းရုံး နေတယ်လို့လည်း မြို့ခံတွေက ဆက်ပြောပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေး၊ တစညနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့က ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013