DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီများ ပြန်လက်ခံရာတွင် ARSA အကြမ်းဖက်သမားများ ပါမလာစေရေး စိစစ်ရန် အကြံပြု
DVB
·
October 4, 2017
Donate to DVB

နေရပ်စွန့်ခွာ တိမ်းရှောင်သွားကြတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရာမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ၊ ARSA အကြမ်းဖက် သောင်းကျန်းသူတွေ ပါမလာစေရေး စနစ်တကျ စိစစ်ဖို့  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့  သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်ကို သွားရောက်ကွင်းဆင်းလေ့လာပြီး ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီးနောက် ခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းချက်တွေအရ ARSA အကြမ်းဖက်သမားတွေဟာ နယ်မြေအတွင်းရှိ လူငယ်တွေကို စည်းရုံးခြိမ်းခြောက်သိမ်းသွင်းတာ၊ အကြမ်းဖက်တိုက်ခိုက်နည်းတွေ သင်ကြား လေ့ကျင့်ပေးတာ၊ စည်းရုံးမှုကို လက်မခံသူတွေကို ခြိမ်းခြောက်သတ်ဖြတ်တာ၊ အစိုးရ သတင်းပေးလို့ ယူဆသူတွေ၊ သတင်းမီဒီယာနဲ့ တာဝန်ရှိသူတွေက လာရောက်မေးမြန်းတဲ့အခါ ၎င်းတို့အား ဆန့်ကျင်ဖြေကြားခဲ့သူတွေကို သတ်ဖြတ်တာ၊ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကို အုပ်စုလိုက် သတ်ဖြတ်တာ၊ ရဲစခန်းတွေ၊ နတလစခန်းတွေနဲ့ တိုင်းရင်းသားရွာတွေကို အကြမ်းဖက်တိုက်ခိုက်မှု လုပ်ခဲ့တာတွေကိုကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်သူတွေရဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု ထပ်မဖြစ်စေဖို့ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးတို့ကို အမြန်ပြန်လည်ထူထောင်ဖို့၊ ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ နိုင်ငံတော်ကစီမံချက် ချမှတ်ဆောင်ရွက်ဖို့နဲ့ ဒေသလုံခြုံရေးအတွက် ရဲစခန်း၊ ရဲကင်း၊ လုံခြုံရေးစခန်းတွေကို တိုးချဲ့တည်ဆောက်ပေးဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ထွက်မပြေးဘဲ ကျန်နေတဲ့ ဘင်္ဂါလီတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် အမြန်ဆုံး စာရင်းကောက်ယူပြုစုပြီး ဒေသအုပ်ချုပ်ရေး အစီအစဉ်နဲ့ ယာယီထောက်ခံချက်တွေ ထုတ်ပေးကာ ဒေသတွင်း လွတ်လပ်စွာ သွားလာ ရှာဖွေ စားသောက်ခွင့်ပြုပေးဖို့ ပြန်လည်နေရာချထားရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ ရေရှည်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်ဖို့လည်း လူ့အခွင့်အရေးကော်မရှင်က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013