DVB Logo
Home
မြန်မာသတင်း
ဆေးကုသခလိုအပ်၍ လသားရွယ်ကလေးကို ကျပ်ငွေ ၄ သိန်းဖြင့် ဈေးထဲလိုက်ရောင်း
DVB
·
October 3, 2017
ဆေးကုသခလိုအပ်၍ လသားရွယ်ကလေးကို ကျပ်ငွေ ၄ သိန်းဖြင့် ဈေးထဲလိုက်ရောင်း
Donate to DVB

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဈေးကြီးထဲမှာ  လင်မယား ၂ ယောက်က ကျန်းမာရေးအတွက် ဆေးကုသခရရှိဖို့အတွက်  လသားအရွယ် ကလေးငယ်ကို ကျပ် ၄ သိန်းနဲ့ တဆိုင်ဝင် တဆိုင်ထွက်လိုက်စပ်နေခဲ့တယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

မနေ့က နေ့လယ်စာစားဖို့  ခေါက်ဆွဲဆိုင်တဆိုင်ကို ရောက်သွားစဉ် အဆိုပါ လင်မယားက ဆေးဖိုးဝါးခလိုအပ်လို့ ကလေးမွေးစားမယ့်သူလိုက်ရှာနေတာတွေ့ရတယ်လို့  ဆီဆိုင်ဈေးထဲက ဈေးသည်တဦးဖြစ်သူ ခွန်ဝါဆိုကပြောပါတယ်။

“ဆိုင်ကိုကျနော်ရောက်သွားတော့ သူတို့လဲ အဲဒီမှာ တို့ဟူးသုပ်လာစားနေတာ။ အဲဒါ ဆိုင်ရှင်ကနေ ကျနော့်ကိုပြောတယ်။ အဲဒီမှာ ကလေးပေးမလို့တဲ့၊ အစက နောက်တယ်လို့ ထင်နေတာ၊ နောက်တော့ အတည်ပြောနေတာခင်ဗျ။ ကလေးတကယ်ပေးမှာလားလို့ ကျနော် မေးတော့ အကိုယူပါလားတဲ့၊ ဘာအခက်အခဲရှိလဲလို့မေးတော့ သူ့မိန်းမနေမကောင်းလို့ ဆေးကု ချင်တယ်။ ပိုက်ဆံမရှိဘူး။ ဒါကြောင့် ကလေးသူများကို ပေးပြီးမှဆေးကုမယ်ပေါ့။ ဘာရောဂါ ဖြစ်လဲမေးတော့ သူလည်းမသိဘူးတဲ့။ ကျနော့်မိန်းမပုံစံဘဲ ကြည့်ပါတော့တဲ့၊ သူ့မိန်းမကြည့်တော့ တကယ်ဘဲ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ဘယ်မှာကုမလဲဆိုတော့ ဗိန္ဓောဆရာနဲ့ကုမယ်။ ပိုက်ဆံ ၄ သိန်းလိုချင်တယ်လို့ ပြောတယ်ခင်ဗျ။ ကျေန်ာကလည်း ကလေးကို သနားတော့ အဲလိုမလုပ်ဖို့၊  ဗိန္ဓောဆရာဆီမသွားဘဲ ဆေးရုံသွားပြဖို့၊ ဆေးရုံမှာ အခက်အခဲတွေ ပြောပြဖို့၊ ပြီးတော့ ဆီဆိုင်သွေးလှူရှင်အဖွဲ့ဆီလည်း အကူအညီတောင်းဖို့ အကြံပေးလိုက်တယ်ခင်ဗျ။”

ကလေးခေါ်ထားဖို့ သူတို့လိုချင်တဲ့ ကျပ်ငွေ ၄ သိန်း ပေးနိုင်ပေမယ့်လည်း ကလေးမှာ မိစုံဖစုံရှိပါလျက်နဲ့ ယူထားဖို့ရာ မသင့်လျော်လို့ ကလေးအတွက် မုန့်ဖိုးငွေ ကျပ် ၅ ထောင်ပေးလိုက်တယ်လို့ သူကဆက်ပြောပါတယ်။

        သူတို့လင်မယားထွက်သွားပြီးတဲ့နောက် တခြားဈေးသည်တွေကလည်း သူတို့ အဲလိုဘဲ တဆိုင်ဝင်တဆိုင်ထွက် ကလေးမွေးစားဖို့ လိုက်စပ်နေတယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

အဆိုပါ လင်မယားမှာ ဆီဆိုင်မြို့နယ် နောင်ရွေးကျေးရွာနေ ခွန်မောင်တိုး နဲ့ နန်းခမ်းဗွါတို့ ဖြစ်ပြီး သူများကိုပေးဖို့ လိုက်စပ်နေတဲ့ကလေးက ၇ လရွယ် ယောကျာ်းလေးလို့ သိရပါတယ်။

ညနေပိုင်းမှာတော့ သူ့မိတ်ဆွေတဦးက ဆေးရုံကိုလိုက်ကြည့်ရာမှာ  သူတို့လင်မယား ဆေးရုံကို ရောက်သွားပြီဖြစ်ကြောင်း၊ ဆေးရုံမှာ ဆရာမတွေက လိုအပ်တာလုပ်ပေးနေသလို ဆေးရုံတက်တဲ့သူအချင်းချင်းလည်း စောင်၊ ကလေးအ၀တ်အစားနဲ့ မုန့်ဖိုးတွေ ၀ိုင်းပေးကြတာ ကျပ် ၂ သောင်း ၃ သောင်းရပြီလို့ ခွန်ဝါဆိုက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013