DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၄၀၀၀မှ ၄၈၀၀ ထိအကြမ်းဖျင်း သတ်မှတ်
DVB
·
October 3, 2017
အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၄၀၀၀မှ ၄၈၀၀ ထိအကြမ်းဖျင်း သတ်မှတ်
Donate to DVB

 

အနိမ့်ဆုံးလုပ်ခလစာကို အကြမ်းဖျင်း အနိမ့်ဆုံး ကျပ် ၄၀၀၀ ကနေ အများဆုံး ကျပ် ၄၈၀၀ ထိသတ်မှတ်ဖို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။

ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက ကော်မတီဝင်တွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခုလို အကြမ်းဖျင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အလုပ်အမျိုးအစားမခွဲခြားဘဲ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး တပြေးညီသတ်မှတ်မှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေကပြောပါတယ်။

အခုအကြမ်းဖျင်းသတ်မှတ်လိုက်တဲ့ နှုန်းထားကို အလုပ်သမားတွေအနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ကော်မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က ပြောပါတယ်။

အကြမ်းဖျင်းသတ်မှတ်လိုက်တဲ့နှုန်းကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မတီ အသီးသီးမှာ ပြန်ဆွေးနွေးပြီး လာမယ့်ဒီဇင်ဘာလမှာ နှုန်းတစ်ခုကို အတည်ပြု ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီဇင်ဘာမတိုင်ခင် ကြားကာလတစ်ခုမှာလည်း အနိမ့်ဆုံးအခကြေးငွေသတ်မှတ်ရေး ဖိုရမ်တစ်ခုကိုလည်း ပြုလုပ်သွားဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013