DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီမှလွှတ်တော်အမတ် ၁ ဦး ထပ်မံနုတ်ထွက်
DVB
·
October 3, 2017
ရခိုင်အမျိုးသားပါတီမှလွှတ်တော်အမတ် ၁ ဦး ထပ်မံနုတ်ထွက်
Donate to DVB

 

ရခိုင်အမျိုးသားပါတီဝင်အဖြစ်ကရော၊ ဗဟိုကော်မတီဝင်အဖြစ်ကနေပါ နုတ်ထွက်ကြောင်း ရမ်းဗြဲမြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အစောပိုင်းက ပါတီနှစ်ခုဖွဲ့စည်းရာမှာ အဆင်မပြေမှုတွေရှိတဲ့အတွက် ပါတီဖွဲ့စည်းပုံနဲ့အညီ မိမိသဘောဆန္ဒအရ နှတ်ထွက်တာလို့ ဦးသန်းမောင်ဦးက ပြောပါတယ်။

“ဘာကြောင့်နုတ်ထွက်လဲဆိုတော့ ရခိုင်အမျိုးသားပါတီက မူရင်းကတည်းက ပါတီနှစ်ခုပေါင်း ထားတာလေ။ ပြည်သူ့ဆန္ဒသဘောအရပေါ့လေ။ RNDP နဲ့ ALD နှစ်ခုပေါင်းထားပြီးတော့ ရခိုင်အမျိုးသားပါတီအဖြစ်သွားတာ။ ပါတီနှစ်ခုက လမ်းကြောင်း မတူဘူးပေါ့ဗျာ။ မြန်မာနိုင်ငံ နိုင်ငံရေးလမ်းစဉ်လျှောက်တဲ့အခါမှာ တယောက်နဲ့တယောက် ဦးတည်ချက် လမ်းကြောင်းတွေ မတူတဲ့အခါမှာ ပူးပေါင်းလုပ်ဆောင်ရတာ အခက်အခဲရှိတယ်။ အခက်အခဲရှိလို့ ရှင်းရှင်းပြောရမယ်ဆိုရင် ရခိုင်အမျိုးသားပါတီက ပြန်ပြီး မူရင်းပါတီအဖြစ် ပြန်ဖြစ်သွားတဲ့သဘော ကျနော်တို့ဘက်က ALD အုပ်စုဘက်က စတင်ပူးပေါင်းကတည်းက ဗဟိုကော်မတီတဘက် ၃၀ နဲ့ စပြီးပူးပေါင်းတယ်။ အဲဒီထဲမှာမှ ကျနော်က ဒီဖက်က တယောက်ဖြစ်ပါတယ်။”

အလားတူ အမ်းမြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးဟာ လည်း  ရခိုင်အမျိုးသားပါတီဝင် အဖြစ်ကနေရော၊ ဗဟိုကော်မတီဝင်အဖြစ်ကနေပါ နုတ်ထွက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ)တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၅  ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက် ပါတီတွင်း သဘောထားကွဲလွဲမှုဖြစ်ပွားပြီး ၁၉၉၀ အနိုင်ရ ပါတီဝင်တချို့က အေအန်ပီပါတီကနေနုတ်ထွက်ပြီး  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီကို ပြန်လည်ထူထောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013