DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ် ရွာအချို့တွင် ရေကြီးပြီး လူနေအိမ်နှင့်လမ်းများ ရေဝင်နေ၍ စားသောက်ရေး လှူဒါန်း
DVB
·
October 3, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ ကူကြီးအုပ်စု၊ မျက်သီးချင်းရွာ အောက်တိုဘာလ ၂ ရက်နေ့ မနက် ၁ နာရီခွဲက ချောင်းရေလျှံတက်လာပြီး လူနေအိမ်တွေ၊ လမ်းတွေထဲကို ရေ ၂ ပေခွဲလောက် ဝင်ရောက်နေတဲ့အတွက် စားသောက်ရေးနဲ့ ရေသန့်တွေကို အလွှာပေါင်းစုံက ကူညီပေးနေတယ်လို့ သိရပါတယ်။

“မလှိုင်မြို့နယ် မြင်းဦးလှည့်အုပ်စု ညောင်ကုန်းရွာ အလျားပေ ၆၀ အနံပေ ၂၀ ရှိ သိန်း ၁၂၀ တန်တဲ့ ကွန်ကရစ်ရေကျော်တံတား ပျက်စီးသွားခဲ့ပါတယ်။ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ အထက်တန်းကျောင်း မေယုဆောင်ရဲ့ အရှေ့ဘက်မှာ ကာရံထားတဲ့ အုတ်တံတိုင်း ၁ ခန်းကို အမြင့် ၆ပေ အလျား ၁၀ ရှိတဲ့အခန်း ၁၂ ခန်း ပြိုကျပျက်စီးသွားတာ ၉ သိန်းနီးပါး ဆုံးရှုံးပါတယ်။ ကူကြီးအုပ်စု မျက်သီးချင်းရွာ လမ်းတွေနဲ့ လူနေအိမ် ၄၇ အိမ်ထဲကို ရေ ၂ ပေခွဲလောက် ဝင်ရောက်နေတာကြောင့် စားသောက်ရေးနဲ့ ရေသန့်တွေကို အလွှာပေါင်းစုံက သွားရောက် ကူညီတဲ့အတွက် ရွာကလူတွေ အဆင်ပြေတယ်”လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက “မြစ်တွေ ချောင်းတွေ ရေတက်သလို အီပြီး တောင့်ခံမနေဘူး။ မိုးထပ်မရွာတော့ ရေပြန်ကျနေပြီ။ ဗလငါးတန်နဲ့ ပါရမီ လူမှုရေး အသင်းအဖွဲ့တွေ ဌာနဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်ရာရွာတွေက ချက်ချင်းပဲ ဝိုင်းကူညီပေးကြတယ်။ ပျက်စီးဆုံရှုံးတန်ဖိုးကတော့ ရေကျော်နဲ့ ကျောင်းအုတ်တံတိုင်းပဲ တွက်ရသေးတယ်”လို့ ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးမူးက “မနက်အစော လူတွေ အိပ်နေတုန်း ရေတက်လာတယ်။ ရေတွေ တအားစီးလာတယ်။ လူနေအိမ် ၄၇ အိမ် ရေတက်တယ်။ လူဦးရေ ၂၀၀ လောက်ရဲ့ စားသောက်ရေးကို အလွှာစုံက လာကူညီတယ်။ ညစာကတော့ ကျောင်းစုရွာက ပို့ပေးတယ်။ လမ်းတွေကတော့ ရေကျလည်း ပြန်သုံးမရအောင် ပျက်တယ်။ သီးနှံတွေ စိုက်ထားတာလည်း ပျက်စီးတယ်။ ရေကျမှ လိုက်ကြည့်ရမယ်”လို့ ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့က မလှိုင်မှာ မိုးရေချိန် ၃ ဒသမ ၂ လက်မ ရွာသွားတယ်လို့ မိုးဇလ ညွှန်မှူးဦးကျော်လွင်ဦးက ပြောပါတယ်။

မလှိုင်မြို့နယ်တွင် လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း တရက်တည်းနဲ့ မိုးရေချိန် ၃ လက်မကျော် ရွာသွန်းတာ အခုဖြစ်စဉ်က ပထမဆုံးပဲလို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013