DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း မော်လမြိုင်၌ မှုခင်းအများဆုံးဖြစ်ပွား
DVB
·
October 3, 2017
Donate to DVB

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ မွန်ပြည်နယ် ၁၀ မြို့နယ် အတွင်း မြို့တော် မော်လမြိုင်မှာ မှုခင်းအများဆုံး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

၂၀၁၇ စက်တင်ဘာလကုန်အထိ သထုံခရိုင်နဲ့ မော်လမြိုင်ခရိုင်မှာ မုဒိမ်းမှု ၃၆ မှု၊ ခိုးမှု ၁၇၂ မှုနဲ့ လူသတ်မှု ၃၆ မှုအထိ ဖြစ်ပွားခဲ့ပြီး မော်လမြိုင်မှာ အများဆုံး ဖြစ်ပွားနေတာပါ။ ယာဉ်တိုက်မှု ၆၀၃ မှုမှာတော့ ကျိုက်ထိုမြို့မှာ အများဆုံးဖြစ်ပွားနေတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ခေတ္တရဲမှူးဦးစီး ရဲမှူးစိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။

“မွန်ပြည်နယ်မှာ ၁၀ မြို့နယ်ရှိတယ်။ လူသတ်မှု အများဆုံး ဖြစ်တာကတော့ မော်လမြိုင်မြို့နယ်နဲ့ ရေးမြို့နယ်ပါ။ မော်လမြိုင်မှာ လူသတ်မှုက ၉ မှုဖြစ်ပြီး ရေးမှာလည်း ၉ မှု ဖြစ်တဲ့အတွက် အများဆုံးပါ။ မုဒိမ်းမှုအနေနဲ့ မော်လမြိုင်မှာ ၁၀ မှု ဖြစ်ပွားတဲ့အတွက် မွန်ပြည်နယ် ၁၀ မြို့နယ်ထဲမှာ မုဒိမ်းမှုအများဆုံးဖြစ်တဲ့ မြို့နယ်လို့ သတ်မှတ်ရမယ်။”

ပြည်နယ်အတွင်း ဆိုင်ကယ်ခိုးမှု အပါအဝင် ခိုးမှု ၁၀၀ ကျော်ရှိနေပြီး မော်လမြိုင်က အများဆုံး ဖြစ်နေတယ်လို့ ရဲမှူးက ပြောပါတယ်။

“ခိုးမှုအနေနဲ့ မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင် နှစ်ခုပေါင်းလိုက်ရင် ၁၇၂ မှု ရှိတယ်။ မော်လမြိုင်က ၆၁ မှုနဲ့ အများဆုံးပါ။ ယာဉ်တိုက်မှုအနေနဲ့ဆိုရင်တော့ ကျိုက်ထိုမှာ ၁၂၈ မှုအထိ ရှိတဲ့အတွက် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားတဲ့ မြို့လို့ ပြောလို့ရတယ်။”

လူသတ်မှုတွေအနေနဲ့ သထုံခရိုင်နဲ့ မော်လမြိုင်ခရိုင်အတွင်း ၂၀၁၅ မှာ ၅၇ မှု၊ ၂၀၁၆ မှာ ၆၂ မှုနဲ့ ၂၀၁၇ မှာတော့ စက်တင်ဘာလကုန်ပိုင်းအထိ အမှု ၄၀ ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ မှုခင်းပိုမိုကျဆင်းလာမယ်လို့ ဆိုပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013