DVB Logo
Home
မြန်မာသတင်း
ပိုက်ဆံတောင်းရာမှ စကားများပြီး ဇနီးနှင့် မယားပါသမီး ၃ ဦးကို သတ်မှု ဖြစ်ပွား
DVB
·
October 3, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် သရော်ချောင်းအုပ်စု ခိုင်ရွှေဝါကျေးရွာမှာ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၂ နာရီလောက်က လင်မယားချင်း ပိုက်ဆံတောင်းရာက စကားများပြီး ဇနီးနဲ့ မယားပါသမီး ၃ ဦးကို ဓားနဲ့ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်လို့ ဘိုကလေးမြို့မရဲစခန်းမှူးက ပြေားပါတယ်။

“ခိုင်ရွှေဝါကျေးရွာနားက သဘက်ကြီးမြစ်ဘေးမှာ ယာယီတဲဆောက်ပြီး နေထိုင်တဲ့ ကျော်ဌေး (၃၆-နှစ်)ဟာ ဇနီး မသန်းညွန့် (၃၀-နှစ်)နဲ့ ည ၈ နာရီလောက်မှာ စကားများ ရန်ဖြစ်ခဲ့ပြီး အိမ်ပြင်ထွက်သွားခဲ့ကာ ည ၁၂ နာရီလောက်မှာ အိမ်ပြန်ရောက်လာပြီး အိပ်ပျော်နေတဲ့ ဇနီး မသန်းညွန့်နဲ့ မယားပါ သမီး ၃ ယောက် ဖြစ်တဲ့ မအေးသန္တာ (၁၅-နှစ်)၊ မအေးစန္ဒာ (၁၃-နှစ်)နဲ့ ပိစိ (၄-နှစ်)တို့ကို ဓားနဲ့ခုတ်သတ်ခဲ့တာ ဖြစ်တယ်”လို့ ဘိုကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးငွေစိုးက ပြောပါတယ်။

ကိုကျော်ဌေးနဲ့ မသန်းညွန့်တို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မသန်းညွန့် ယောက်ျား သေဆုံးပြီးကတည်းက ထပ်မံအိမ်ထောင်ပြုခဲ့တာဖြစ်ပြီး သဘက်ကြီးမြစ်ထဲမှာပဲ ဂဏန်းထောင်တဲ့ အလုပ်ကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ သူတို့အိမ်ဘေးနား မြစ်ကမ်းဘေးမှာလည်း သူတို့လို ဂဏန်းထောင် အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ အိမ် ၂ အိမ်ရှိပေမယ့် အခင်းဖြစ်ပွားချိန်က ရေထရက်ဖြစ်နေလို့ အလုပ်တွေ သွားလုပ်နေကြလို့ အဲဒီအိမ် ၂ အိမ်မှာလည်း လူတွေ ရှိမနေခဲ့ဘူးလို့ ခိုင်ရွှေဝါကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။

လူ ၄ ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့ ကျော်ဌေးကိုတော့ ညတွင်းချင်းပဲ ဖမ်းဆီးရမိခဲ့ပြီး ဘိုကလေးမြို့မရဲစခန်းက (ပ) ၂၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ ဘိုကလေးမြို့မရဲစခန်းက သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013