DVB Logo
Home
မြန်မာသတင်း
Yangon Water Bus ကို ကတ်စနစ်နှင့် ငွေချေစီးနင်းရမည်
DVB
·
October 3, 2017
Yangon Water Bus ကို ကတ်စနစ်နှင့် ငွေချေစီးနင်းရမည်
Donate to DVB

မကြာမီပြေးဆွဲမယ့် Yangon Water Bus ရေယာဉ်ခရီးစဉ်ကို ကတ်စနစ်နဲ့ပဲ ငွေချေစီးနင်းလို့ရမှာ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖွင့်ပွဲနေ့မှ ကြေညာမယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

Yangon Water Bus ကို လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ ဖွင့်ပွဲလုပ်ပြီး နောက်တနေ့ အောက်တိုဘာ ၇ ရက်မနက်ကနေ  စတင်ပြေးဆွဲမှာပါ။

ဒီလို ပြေးဆွဲဖို့လုပ်ဆောင်နေတဲ့ Tint Tint Myanmar ကုမ္ပဏီအုပ်စု ရဲ့ စီမံကိန်းမန်နေဂျာ ဦးထွန်းနိုင်လင်းက “ကတ်မှာ အနည်းဆုံး ငွေ ၅၀၀ ကစပြီး ဖြည့်လို့ရပါမယ်။ ကတ်တွေကို ဆိပ်ကမ်းတွေမှာပဲ ပြုလုပ်လို့ရမှာ ဖြစ်ပြီး ကတ်တန်ဖိုးယူမယ်၊ မယူမယ်ကတော့ ဖွင့်ပွဲနေ့မှာ ကြေညာပေးပါ့မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးနင်းခကိုတော့ ၃၀၀ ကျပ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ အင်းစိန်ကနေ ဗိုလ်တထောင်အထိ ဆိပ်ကမ်း ၆ ခုကို ပြေးဆွဲမှာ ဖြစ်ပြီး ခရီးစဉ် အစ အဆုံး တနာရီခွဲလောက် ကြာမှာ ဖြစ်ပါတယ်။

မနက် ၇ နာရီလောက်က စတင်ပြေးဆွဲမယ်လို့ ကုမ္ပဏီက ကြေညာထားပေမယ့် ဘယ်အချိန်ထိ ပြေးဆွဲမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

“ကျနော်တို့မှာ သင်္ဘော ၁၂ စီးရှိပါတယ်။ လူ ၆၀ ကနေ ၁၅၀ လောက်အထိ ဆံ့တဲ့ အရွယ်အစား ၃ မျိုးနဲ့ပါ။ တရက်ကို သင်္ဘော ဘယ်နှစ်စီးပြေးဆွဲမယ်။ ဘယ်အချိန်ထိ ပြေးဆွဲမယ်ဆိုတာကိုတော့ ဖွင့်ပွဲနေ့မှာ ကြေညာပေးပါမယ်” လို့ ဦးထွန်းနိုင်လင်းက ပြောပါတယ်။
Yangon Water Bus ဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ရဲ့ လက်အောက်မှာ ပြေးဆွဲမယ့် ပို့ဆောင်ရေးစီမံကိန်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013