DVB Logo
Home
မြန်မာသတင်း
ထောက်​ပို့တပ်​သား၂ ဦး​မောင်းလာသည့် စစ်​စိမ်း​ရောင်​ကား​ပေါ် WYဆေးပြား ၂ သိန်းခန့်ဖမ်းမိ
DVB
·
October 2, 2017
ထောက်​ပို့တပ်​သား၂ ဦး​မောင်းလာသည့် စစ်​စိမ်း​ရောင်​ကား​ပေါ် WYဆေးပြား ၂ သိန်းခန့်ဖမ်းမိ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့အဝင် တံတားဂိတ်မှာ အောက်တိုဘာ ၁ ရက် နေ့ခင်းပိုင်း လောက်က ထောက်ပို့ တပ်သားနှစ်ဦးမောင်းနှင်လာတဲ့ စစ်စိမ်းရောင်ကားပေါ်ကနေ WY မူးယစ်ဆေးဝါးအပြား တသိန်းရှစ်သောင်းကျော် ဖမ်းဆီးရမိကြောင်း မောင်တောမြို့မ ရဲစခန်းက ဒုရဲမှူး လှဌေးက ပြောပါတယ်။

အဆိုပါတပ်သားနှစ်ဦးဟာ ဘူးသီးတောင်မြို့ အမှတ် ၈၀၈ ထောက်ပို့တပ်သား နှစ်ဦးဖြစ်တဲ့အတွက် ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အမှုဖွဲ့ပြီး တပ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဒုရဲမှူးလှဌေးက ပြောပါတယ်။

“ကျနော်တို့ကဒီဥစ္စာတော့ အမှုဖွင့်ပြီး တပ်မကိုလွှဲလိုက်ပါတယ်။ မိခင်ရင်းစစ်စည်းကမ်းနဲ့ အရေးယူဖို့ပေါ့။ ကျနော်တို့ကတော့ မူးယစ်ဆေးဝါးမှုနဲ့ပဲ ဖွင့်ထားပါတယ်။ သူတို့က ဘူးသီးတောင် ဘက်က ထောက်ပို့တပ်။  မနေ့က ကျနော်တို့စစ်ဆေးလို့ တပ်မတော်က ဖြစ်နေတဲ့အတွက် ကျနော်တို့က လွှဲလိုက်တာပါခင်ဗျာ။”

အဆိုပါဖမ်းမိတဲ့  WY မူးယစ်ဆေးပြားပေါင်း  (၁၈၈၁၇၅၀)ပြား ဖြစ်ပြီး ကာလ ငွေကျပ်တန်ဖိုးသိန်း ၃၇၆၃၅ ရှိကြောင်းနဲ့   ဖမ်းဆီးရမိတဲ့ဆေးပြားတွေကိုတော့ ရဲတပ်ဖွဲ့ကပဲ သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013