DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံအတွက် ကြိုတင်ဆွေးနွေး
DVB
·
October 2, 2017
Donate to DVB

၂၃ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ညီလာခံအတွက် မြန်မာနိုင်ငံက တိုင်းရင်းသားနဲ့ လူမှုအဖွဲ့အစည်းတွေဟာ ကြိုတင်ပြင်တဲ့အနေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများ ဆုံးခံကြရတဲ့ ထိပ်ဆုံးက ဆယ်နိုင်ငံထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံက ဌာနေတိုင်းရင်းသားတွေရဲ့ အသံဟာ အရေးပါတာကြောင့် ဒီဆွေးနွေးပွဲကို ကျင်းပရတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်၊ ကယား၊ ချင်း၊ ပလောင်၊ ရခိုင်၊ရှမ်း၊ ဗမာ စတဲ့ နေရာအနှံက တိုင်းရင်းသားအဖွဲ့တွေ တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပြီး ဒီဆွေးနွေးပွဲက ရလာတဲ့ အချက်အလက်တွေကို နိုင်ငံတကာ မူဝါဒတွေမှာ ပါဝင်လာအောင် ကြိုးစားသွားကြမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနောက်ကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်က ချင်း လူ့အခွင့်အရေးအဖွဲ့နဲ့ ပွိုင့်အဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

၂၃ ကြိမ်မြောက် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံကို လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘွန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၆၀ ကျော်က တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013