DVB Logo
Home
မြန်မာသတင်း
သစ်တောဧရိယာအတွင်း တည်ဆောက်မည့် စီမံကိန်းများကို သစ်တောအရည်သွေးနိမ့်ကျသည့် နေရာ၌သာ ခွင့်ပြုမည်
DVB
·
October 2, 2017
သစ်တောဧရိယာအတွင်း တည်ဆောက်မည့် စီမံကိန်းများကို သစ်တောအရည်သွေးနိမ့်ကျသည့် နေရာ၌သာ ခွင့်ပြုမည်
Donate to DVB

 

သစ်တောဧရိယာထဲ တည်ဆောက်မယ့် စီမံကိန်းလုပ်ငန်းတွေကို စနစ်တကျ ကွင်းဆင်းလေ့လာပြီး သစ်တော အရည်သွေးနိမ့်ကျတဲ့ နေရာတွေမှာသာ ခွင့်ပြုပေးမယ်လို့ သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းကျော်ရှိနေပြီဖြစ်တဲ့အတွက် သစ်တော ဧရိယာ ကာကွယ်ဖို့နဲ့ သစ်တောဧရိယာအတွင်းက စီမံကိန်းလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ သစ်တောပြုန်းတီမှုကို ကာကွယ်နိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက်နေပါသလဲဆိုတဲ့ ဒီဗွီဘီ သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဒုတိယ အတွင်းဝန် ဦးလှိုင်မင်းမောင်က ပြန်လည်ဖြေဆိုခဲ့တာပါ။

“နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တဲ့ စီမံကိန်းလုပ်ငန်းတွေဟာ သစ်တော ဧရိယာထဲမှာ ဖြစ်နေရင် သက်ဆိုင်ရာဌာနက ကျနော်တို့ သစ်တောဌာနကို ဆက်သွယ်ပြီး စီမံကိန်းနေရာအတွက် သစ်တောကြိုးဝိုင်းထဲကနေ ပယ်ဖျက်ပေးဖို့ တင်ပြရပါတယ်။ အဲလို တင်ပြလာတဲ့အခါမှာ ကျနော်တို့က အဲဒီနေရာကို ကွင်းဆင်းလေ့လာပြီး သစ်တော အရည်သွေး ကောင်းမွန်မှုရှိမရှိ၊ နောက်နှစ်အနည်းငယ်မှာ သစ်တောအရည်သွေးကောင်းမွန်လာ နိုင်ဖွယ်ရှိမရှိ လေ့လာရပါတယ်။ လေ့လာပြီးတော့ ခွင့်ပြုနိုင်တဲ့အခြေအနေမှာဆိုရင် ခွင့်ပြုနိုင်တယ်။ ခွင့်မပြုနိုင်တဲ့ အခြေအနေဆိုခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ရတယ်။ အခုနောက်ပိုင်းကာလ မှာတော့ သစ်တောအရည်အသွေး ကောင်းမွန်မှုမရှိတဲ့ နေရာတွေဘဲ စီမံကိန်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခွင့်ပြုသွားမှာဖြစ်တယ်။ အဲဒီထဲမှာမှ သစ်တောအရည်သွေးကောင်းမွန်တဲ့ နေရာရှိရင် အဲနေရာကို ဘာမှမလုပ်ဘဲ ဒီတိုင်းချန်ထားဖို့ တခါတည်း သက်မှတ်ပေးလိုက်တယ်။”

မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ သစ်တောဧရိယာတွေထဲမှာ တည်ဆောက်ခဲ့တဲ့ စီမံကိန်းလုပ်ငန်း တွေကြောင့် သစ်တောသစ်ပင်တွေများစွာ ပြုန်းတီးခဲ့ရတဲ့အတွက် နောက်လုပ်မယ့် စီမံကိန်း လုပ်ငန်းတွေကိုတော့ ခုတ်ထွင်လိုက်တဲ့ သစ်ပင်အရေအတွက်အလိုက် ကာလပေါက်ဈေးအတိုင်း ပေးလျော်ခိုင်ဖို့လို့တယ်လို့ တပ်မတော်သားကိုယ်စားလှယ်တဦးက ပြည်သူ့လွှတ်တော်မှာ ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် စီမံကိန်းတည်ဆောက်ဖို့ နေရာခွင့်ပြုပေးလိုက်ပြီဆိုသည့်အချိန်မှာဘဲ အဲဒီ နေရာကို သစ်တောကြိုးဝိုင်းအတွင်းကနေ အပြီးထုတ်ပယ်လိုက်တာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်ပြောသလို လျော်ကြေးငွေတောင်းခံဖို့ မဖြစ်နိုင်ဘူးလို့ သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကပြောပါတယ်။

အဲဒီအတွက် စီမံကိန်းလုပ်ငန်းခွင့်ပြုပေးတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကသာ သက်ဆိုင်တော့ တယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013