DVB Logo
Home
မြန်မာသတင်း
အမ်းလွှတ်တော်အမတ် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်
DVB
·
October 2, 2017
အမ်းလွှတ်တော်အမတ် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်
Donate to DVB

 

ရခိုင်အမျိုးသားပါတီ အဖြစ်ကနေရော၊ ဗဟိုကော်မတီဝင်အဖြစ်ကနေပါ နုတ်ထွက်ကြောင်း  အမ်းမြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ပါတီဖွဲ့စည်းပုံနဲ့အညီ မိမိသဘောဆန္ဒအရ နုတ်ထွက်တာဖြစ်ကြောင်း ဦးခင်မောင်ဌေးက ပြောပါတယ်။

“အဲဒါဘာကြောင့်ရယ်လို့မဟုတ်ပါဘူး။ မိမိဆန္ဒဘောအရ နုတ်ထွက်တာပါ။ ပါတီနဲ့တော့ ပြဿနာမရှိပါဘူး။ နုတ်ထွက်ချင်လို့ နုတ်ထွက်တာပါ။ ခွင့်ပြုတာမပြုတာက သူတို့အပိုင်းပါ။ ပါတီရဲ့ ဖွဲ့စည်းပုံအရ နုတ်ထွက်ပိုင်ခွင့်ရှိတယ်”

ဒီလိုပါတီကနေ နုတ်ထွက်လိုက်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ပါတီဗဟိုကော်မီတီဝင် ဒေါ်အေးနုစိန်ကတော့ ဒီနုတ်ထွက်တဲ့စာကို ဒီကနေ့မှ တွေ့ရပြီး အစည်းအဝေးမထိုင်ရသေးတာကြောင့် မဆုံးဖြတ်နိုင်သေးကြောင်းနဲ့ ပါတီစည်းမျဉ်းအရ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူ့ဟာက ဘာမှလည်း အစည်းအဝေးလည်းမထိုင်ရသေးဘူးလေ။ ဒီနေ့မှပဲ ထွက်တယ်ဆို တဲ့ ဥစ္စာလေးမြင်ရတာ။ ပါတီရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီဆက်ပြီးတော့ လုပ်မှာပေါ့။ ”

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း ရမ်းဗြဲ၊ အမ်းမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်ထုမေ  ရခိုင်အမျိုးသားပါတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013