DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ကောလိပ်များ၌ ပါမောက္ခများအပါအဝင် နေရာပေါင်း တသောင်းကျော် လစ်လပ်နေ
DVB
·
October 2, 2017
တက္ကသိုလ်ကောလိပ်များ၌ ပါမောက္ခများအပါအဝင် နေရာပေါင်း တသောင်းကျော် လစ်လပ်နေ
Donate to DVB

 

ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခတွေအပါအဝင် ရာထူးနေရာပေါင်း တသောင်းကျော် လစ်လပ်နေတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာ ပါတယ်။

ဒီနေရာတွေအတွက် မကြာခင်ရာထူးတိုးမြှင့်တာ၊ ပြောင်းရွှေ့တာတွေလုပ်ပြီး ဖြည့်ပေးဖို့ ရှိတယ်လို့ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

ဘာသာရပ် ၄၆ ခုအတွက် သြဂုတ်လကုန်အထိ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကနဲ့ လက်ထောက်ကထိကလစ်လပ်နေရာပေါင်း ၁၁၆၄၂ နေရာရှိတယ်လို့ အဆင့်မြင့်ပညာ ဦးစီး ဌာနက ကြေညာထားတာပါ။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ ရာထူးတိုး၊ အပြောင်းအရွှေ့ လုပ်တဲ့အခါ ပွင့်လင်း မြင်သာအောင်လို့ ကြေညာထားတာပါ။ လာမယ့် ၁၀ ရက်နေ့လောက် တက္ကသိုလ်စာမေးပွဲတွေ ပြီးရင် ပါမောက္ခချုပ်တွေကို ခေါ်ပါမယ်။ အားလုံးနဲ့ လုပ်မှာပါ။” လို့ ပြောပါတယ်။

ပါမောက္ခနေရာပေါင်း ၁၄၉ နေရာလစ်လပ်နေပြီး အင်္ဂလိပ်စာမှာ ၃၉ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ တွဲဖက်ပါမောက္ခနေရာတွေကတော့ ၉၈၂ နေရာ လစ်လပ်နေပြီး အင်္ဂလိပ်စာမှာ ၁၃၆ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

ကထိကနေရာတွေကတော့ ၁၇၉၂ နေရာလစ်လပ်နေပြီး ကုန်ထုတ်ဓာတုဗေဒမှာ ၂၆၇ ယောက်၊ လက်ထောက်ကထိက ၈၇၁၉ နေရာ လစ်လပ်နေပြီး ပထဝီဝင်ဘာသာရပ်မှာ ၇၈၉ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

ရာထူးတိုးအတွက် အမှတ်ပေးတွက်ချက်တဲ့ ပုံစံကိုတော့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ရဲ့ ထုတ်ပြန်ချက် http://www.moe.gov.mm/?q=DHE_Pro_Tran_Rules_Rank_2017 မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013