DVB Logo
Home
မြန်မာသတင်း
အလှမယ် ရွှေအိမ်စည်၏ သရဖူကိုပြန်ရုပ်သိမ်း
DVB
·
October 2, 2017
အလှမယ် ရွှေအိမ်စည်၏ သရဖူကိုပြန်ရုပ်သိမ်း
Donate to DVB

၂၀၁၇ ခုနှစ်အတွက် မယ်စကြာဝဠာမြန်မာရဲ့  1st Runner Up  အလှမယ် ရွှေအိမ်စည်ရဲ့ သရဖူကို ပြန်လည်ရုပ်သိမ်းကြောင်း Miss Universe Myanmar Organization က အောက်တိုဘာ ၁ ရက်နေ့မှာ ကြေညာပါတယ်။

အလှမယ်ရွှေအိမ်စည်ဟာ Miss Universe Myanmar Organizationသို့ ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ အနေအထိုင်နှင့် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းရမည်ကို လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် Miss Universe Myanmar Organization မှ ချီးမြှင့်ထားတဲ့ ဆုကြေး၊ သရဖူ၊ စလွယ်နဲ့ Trophy တို့ကိုလည်း ၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်အပ်နှံဖို့လည်း အသိပေးထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အလှမယ် ရွှေအိမ်စည်က Miss Universe Myanmar အဖွဲ့အစည်းက ထုတ်ပြန်ချက်တွေဟာ မမှန်ကန်ကြောင်း၊ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ကုန်ကျစရိတ်တွေကို လိုအပ်လျှင် ပြန်လည်တရားစွဲဆိုသွားဖို့ရှိကြောင်း၊ Miss Universe Myanmar အဖွဲ့အစည်းရဲ့ မလျော်ကန်တဲ့ အပြုအမူတွေကိုလည်း ပြည်ထောင်စုဝန်ကြီးကို လိပ်မူပြီး အစီရင်ခံတင်ပြသွားမှာ ဖြစ်ကြောင်းလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထုတ်ပြန်ထားပါတယ်။

ရွှေအိမ်စည်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခု အောက်တိုဘာ ၆ ရက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မယ်စကြာဝဠာမြန်မာပြိုင်ပွဲမှာ  1st Runner Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013