DVB Logo
Home
မြန်မာသတင်း
ယောက္ခမနှင့် သမက် စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
October 2, 2017
ယောက္ခမနှင့် သမက် စကားများရာမှ လူသတ်မှုဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရွာသစ်ရွာမှာ စက်တင်ဘာ ၂၉ ရက် ည ၉ နာရီက ယောက္ခမနဲ့ သမက် စကားများရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက် ည ၉ နာရီက တရွာတည်းနေ သားဖြစ်သူ ခင်မောင်လွင် ဘယ်ဘက်ရင်ဘတ် အောင့်တယ်ပြောပြီး အိမ်ပြန်ရောက်လာလို့ ဖခင်ဖြစ်သူ ဦးဝင်းအောင်က ဘာဖြစ်လာတာလဲ မေးတော့ အတူနေ ယောက္ခမဖြစ်သူ ဦးလှဦးက သူ အရက်မူးလာတာကို ဆူပူကြိမ်းမောင်း ပြောဆိုနေတာကြောင့် ဒေါသထွက်ပြီး သတ္တိရှိရင်ထွက်ခဲ့လို့ စိန်ခေါ်ကို ဦးလှဦးက အနီးမှာရှိတဲ့ လုံးပတ် ၄ လက်မ အရှည် ၂ ပေ ၃ လက်မရှိတဲ့ တုတ်နဲ့ ပစ်လိုက်ရာ ဘယ်ဘက်ရင်ဘတ်ကို မှန်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာကနာပြီး အောင့်နေတယ်ပြောလို့ ယောက္ခမအိမ် မပြန်ခိုင်းဘဲ အိမ်မှာပဲ အိပ်ခိုင်းပြီး နောက်နေ့ရောက်တော့ မခံမရပ်နိုင်အောင် အောင့်လာတယ်ဆိုလို့ မိတ္ထီလာဆေးရုံ တင်လိုက်ပြီး အဲဒီဒဏ်ရာနဲ့ပဲ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီက ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဖခင်ဖြစ်သူ ဦးဝင်းအောင်က ထွက်ဆိုချက်ပေး တရားလိုလုပ်ပြီး အမှုဖွင့်တယ်လို့ ရှမ်းမငယ်ရွာရဲစခန်းက ပြောပါတယ်။

စခန်းမှူး ရဲအုပ်ခင်မောင်စိုးက “စကားများရန်ဖြစ်ကြတာက စက်တင်ဘာ ၂၉ ရက် ည ၉ နာရီလောက်က ဖြစ်တယ်။ ဦးလှဦးက ရှားသားတုတ်နဲ့ သမက်ကို ပစ်လိုက်တာ။ ဘယ်ဘက်ရင်ဘတ်ကို မှန်တယ်။ အတွင်းဒဏ်ဖြစ်ပြီး မိတ္ထီလာဆေးရုံတက် ကုသတယ်။ အဲဒီမှာ ဒီနေ့ပဲ သေဆုံးတယ်။ အဲဒါကြောင့် ဦးလှဦးကို ဖမ်းပြီး အမှုဖွင့်တယ်”လို့ ပြောပါတယ်။

ရှမ်းမငယ်ရွာရဲစခန်းက ဦးလှဦးကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013