DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီတရပ်ပေါ်ပေါက်လာရေး ဟင်္သာတတွင်​​ ရုံးခန်းဖွင့်လှစ်
DVB
·
October 1, 2017
နိုင်ငံရေးပါတီတရပ်ပေါ်ပေါက်လာရေး ဟင်္သာတတွင်​​ ရုံးခန်းဖွင့်လှစ်
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရုံးကြီးရပ်ကွက်ရွှေစေတီလမ်းမှာ ဒီနေ့ မနက်ပိုင်းက နိုင်ငံရေးပါတီတရပ်ပေါ်ပေါက်လာရေးအတွက် ရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။

အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးထွန်းလွင်က အကျဉ်းထောင် ၀တ်စုံနဲ့ ကဗျာရွတ်ခဲ့ပြီး “အခုလိုကျနော်စင်ပေါ်တက်ပြီး သရုပ်ပြကဗျာရွတ်ဆိုခဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ဆင်သမျှတော့ အခု မြင်တွေ့နေရတဲ့အတိုင်းပဲ သံခြေကျင်းနဲ့ လက်ထိပ်တွေက ကျနော်တို့ နိုင်ငံရေးသမားတွေအတွက်ရော အများပြည်သူအတွက်ရော ရှိနေဦးမှာပါပဲ။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါဆိုတာကို ကျနော် ပြောကြားချင်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီးက “ကျနော်တို့ အခုလို ပါတီထောင်ဖို့ လုပ်ခဲ့တာဟာ ကျနော်တို့အတွက် မဟုတ်ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံက ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူနဲ့ ကျောင်းသားကျောင်းသူ ပြည်သူလူထုတရပ်လုံးအတွက် ဖြစ်တယ်လို့ ကျနော် ဒီနေရာကနေ ကတိပေးပါတယ်။ ကျနော်တို့တုန်းကတော့ တခုခုဆို ခွပ်ဒေါင်းအလံကို ကိုင်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တဲ့အတွက် ခွပ်လိုက်ရတဲ့ ဒေါင်းလည်း ဖွတ်ဖွတ်ကိုညက်နေခဲ့တာပါ။ အခု ကျနော်တို့က ပါတီတခုတည်ထောင်မယ်ဆိုတာကတော့ ကျနော်တို့ နောင်လာနောင်သားတွေ ကြရင် ခွပ်ဒေါင်းမဟုတ်ဘဲ ကဒေါင်းတွေအလှဒေါင်းတွေဖြစ်စေချင်တဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ် တွေကို မိဘပြည်သူများ နားလည်စေချင်ပါတယ်။ နောက်ပြီးတော့ကျန်တဲ့ နိုင်ငံရေးပါတီတွေကို လည်း ကျနော်တို့ကို ဝိုင်းရံဖို့မဟုတ်ပါဘူး။ ပူးပေါင်းဖို့ပါပဲ။ ပြိုင်ဘက်လို့သဘောလည်းထား နိုင်ပါတယ်။ ပြိုင်ဘက်ရှိမှ တိုးတက်မှာပါ။ သူတို့ပါတီက ဒီလိုလုပ်ပေးနိုင်ရင် ငါတို့ပါတီက သူတို့ထက်ပိုသာအောင် လုပ်ဆောင်နိုင်မှဆိုတဲ့ အသိတွေပေါ်လာခဲ့ရင် ကျနော်တို့ ပြည်သူတွေက ပိုပြီးကောင်းတဲ့သူကို ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ပါတီတွေအားလုံးကို ပူးပေါင်းဖို့ အဆင်သင့်ရှိနေပါတယ်။ အခုလိုလာရောက်ပြီး အဖက်ဖက်ကပါဝင်တဲ့ အခုပရိတ်သတ်ရဲ့နောက်ကွယ်မှာလည်း ဒါ့ထက်ကြီးမားတဲ့ အင်အားတွေ ရှိမယ် ဆိုတာကိုလည်း ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ကတော့ မဲဆွယ်တဲ့အချိန်ပဲလာပြီး ပြန်သွားတဲ့ သူတွေမဖြစ်စေရဘူးဆိုတာ အခုလည်းပြောတယ်။ နောက်ပါတီတရားဝင်မှတ်ပုံတင်ရ ပြီးရင်လည်း ကျနော်တို့ ဒီရုံးခန်းမှာကျန်ရှိနေမယ့် ရဲဘော်တွေကိုလည်း ပြည်သူတွေက လာရောက်တင်ပြတဲ့ အခက်အခဲတွေကိုနားထောင်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို တိုင်ပင် ဆွေးနွေးတိုင်ပင်ရန် အသင့်ရှိနေကြဖို့ကိုလည်း ပြောကြားပြီး နိဂုန်းချုပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

မြို့နယ်အသီးသီးမှ ပါတီဖြစ်မြောက်ရေးကော်မတီ ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံဦးစိန်သောင်းမှ ပါတီဖြစ်မြောက်ရေးကော်မတီ ဦးဆောင်သူ ဦးကိုကိုကြီးကို ပေးအပ်ခဲ့ပြီး အခမ်းအနားပြီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013