DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပုလောတွင် ကျင်းပ
DVB
·
October 1, 2017
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပုလောတွင် ကျင်းပ
Donate to DVB

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက ထောက်ခံပွဲအခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလာဇာရှေ့မှာ ကျင်းပတဲ့ထောက် ခံပွဲအခမ်းအနားမှာ နိုင်ငံတော်သီချင်းစုပေါင်းသီဆိုခြင်း၊ ရည်ရွယ်ချက်နှင့် ရပ်တည်ချက်အား ရှင်းလင်းခြင်း၊ ဒေသခံတွေက ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၂၁ ရာစုပင်လုံညီလာခံ ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံတယ်။ နောက်ပြီး ရခိုင်ပြည်နယ်အရေးခင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတွေဘက်က မားမားမတ်မတ်ရပ်တည်မှု၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသား လော်ဘီတွေရဲ့ ပြောဆိုချက်တွေ၊ တိုက်ခတ်မှုတွေကို ကန့် ကွက်ရှုတ်ချတာပါ” လို့ ဦးဆောင်ကျင်းပသူ ဦးကိုနိုင်က ပြောကြားခဲ့ပါတယ်။

မြိတ်ခရိုင်အတွင်း ပထမဆုံးကျင်းပတဲ့ ထောက်ခံပွဲကို တိုင်းဒေသကြီးစီမံ/ ဘဏ္ဍာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကာ ဒေသခံ ၄၀၀ ကျော် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

“ကျနော် ဒီထောက်ခံပွဲကို လာရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည့်ရဲ့သဘောထားနှင့် တသွေးတည်းတသားတည်း ရှိနေတာကို ပြသတာပါ။ နိုင်ငံတကာရဲ့ ဖိအားတွေအဖျက်အမှောင့် လုပ်ဆောင်နေတဲ့သူတွေကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ တက်ရောက်လာတာဖြစ် ပါတယ်” လို့ ပုလောမြို့ဒေသခံ ဦးဘုန်းထိုက်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာကျင်းပခဲ့တဲ့ အဆိုပါထောက်ခံပွဲကို ပုလောမြို့နယ် ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေအပြင် မြိတ်မြို့နယ်က ဒေသခံတချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013