DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများကို အနုပညာရှင်တချို့ ပစ္စည်းများ လှူဒါန်း
DVB
·
October 1, 2017
အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများကို အနုပညာရှင်တချို့ ပစ္စည်းများ လှူဒါန်း
1 / 7
Donate to DVB

 

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့နဲ့ အနုပညာရှင်တချို့ သိန်းတထောင် တန်ဖိုးရှိပစ္စည်းတွေကို စက်တင်ဘာ ၂၉ ရက်နဲ့ ၁၀ ရက်တွေမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းတွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဒေသကွပ်ကဲရေးစစ်ဌာချုပ်တို့မှာ သွားရောက်လှူဒါန်းခဲ့ကြတာပါ။

အလိုတော်ပြည့်ဆရာတော်ကြီးကို အမှူးထားပြီး ဆရာတော်ဦးကုမာရနဲ့ အလိုတော်ပြည့် ကယ်ဆည်ရေးအဖွဲ့နဲ့ အနုပညာရှင်အချို့ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ ရခိုင်၊ မြို၊ ခမီ၊ မရမကြီးနဲ့ ဟိန္ဒူတွေအတွက်  ဆန်၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ အိုး၊ ခွက် အဝတ်အထည်၊ ဓာတ်မီး၊ မိသားစုအသုံးအဆောင် ပစ္စည်းတွေ အပါအဝင် ပစ္စည်း ၄၃ မျိုးပါဝင်တဲ့ သေတ္တာပုံးတွေ စုစုပေါင်းကျပ်သိန်း တထောင်ကျော်ဖိုး လှူဒါန်းခဲ့ပါတယ်။

အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ ရန်ကုန်မြို့မှလိုက်ပါလာတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ဒေသအတွင်းမှ ရခိုင်အဆိုတော်တွေနဲ့ ပူးပေါင်းကာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ ဖြေဖျော်ပွဲတခုကိုလည်း စက်တင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013