DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရာရာအပြစ်ပုံချနေတာ လက်တွေ့မကျဘူး- ကာဒီနယ် ချားလ်စ်ဘို
DVB
·
October 1, 2017
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရာရာအပြစ်ပုံချနေတာ လက်တွေ့မကျဘူး- ကာဒီနယ် ချားလ်စ်ဘို
Donate to DVB

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အရာရာ အပြစ်ပုံချနေတာဟာ လက်တွေ့မကျဘူးလို့ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်ဘိုက မိန့်ပါတယ်။

အနောက်တိုင်း မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အလွန်ဝေဖန်ခဲ့ကြပြီး သူ့ရဲ့ ခံစားချက်နဲ့ ရပ်တည်ချက်တွေကိုလည်း ဒီထက်စောပြီး ဖော်ပြဖို့ သင့်တယ်လို့ ကာဒီနယ်ချားလ်စ်ဘိုက စက်တင်ဘာ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

“သူမ(ဒေါ်အောင်ဆန်းစုကြည်)အပေါ် အရာရာ အပြစ်ပုံချပြီး သူမ(ဒေါ်အောင်ဆန်းစုကြည်)ရဲ့ ပြန်ကြားချက်ကို အပြစ်တင်ဝေဖန်မှုတွေဟာ လက်တွေ့ကြည့်လိုက်တဲ့အခါ လက်တွေ့မကျတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ အစိုးရ လက်ခံခဲ့ရတဲ့ အခြေအနေတွေ၊ တိုတောင်းလှတဲ့ အစိုးရ သက်တမ်းအတွင်း တွေ့ကြုံရတဲ့ အလွန်များပြားတဲ့ လူသားချင်းစာနာမှု ဆိုင်ရာစိန်ခေါ်မှုများ၊ ဖွဲ့စည်းပုံအရ တပ်မတော် ဆက်လက် ပါဝင်နေတာနဲ့ လုံခြုံမှုမရှိတာဟာ သူမရဲ့ အခန်းကဏ္ဍအဖို့ အခက်တွေ့စေတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေဟာ သင့်လျော်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာပါတဲ့ ရခိုင်ပြည်နယ် လူ့အခွင့်အရေးများ၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်တွေကို ကြိုဆိုရမှာ ဖြစ်ပြီး ဒီနိုင်ငံမှာ နေထိုင်ခဲ့တာ ကြာပြီဖြစ်ကြတဲ့ သူတွေအဖို့ တရားမျှတမှုဆိုတာ အထူးပဲ လိုအပ်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒဏ်ရာ ဗရပွဖြစ်နေတဲ့ အတိတ်ကနေ ကောင်းမွန်တဲ့ အနာဂတ်ဆီကို ချီတက်ကြရပါမယ်။ အတိတ်က အဖြစ်တွေဟာ အနာဂတ်အတွက် သင်ခန်းစာတွေ ဖြစ်ကြပါစေလို့လည်း ကာဒီနယ် ချားလ်စ်ဘိုက ဆုတောင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013