DVB Logo
Home
မြန်မာသတင်း
ကောက်ရသည့် ဘတ်ငွေများနှင့် ရွှေလက်ကောက်ကို မြန်မာအလုပ်သမား ပြန်ပေး
DVB
·
October 1, 2017
ကောက်ရသည့် ဘတ်ငွေများနှင့် ရွှေလက်ကောက်ကို မြန်မာအလုပ်သမား ပြန်ပေး
Donate to DVB

ထိုင်းကျောင်းဆရာတဦး ပျောက်သွားတဲ့ ပိုက်ဆံအိတ်နဲ့ ဘတ်ငွေ ၁ သိန်းတန် ကြေးရှိ ပစ္စည်းကို မြန်မာအလုပ်သမားက ပြန်ပေးခဲ့လို့ ကျောင်းဆရာက မြန်မာအလုပ်သမားကို ဘတ်ငွေ ၂ ထောင် ဆုချီးမြှင့်ခဲ့ပါတယ်။
တန်ဘုန်ဒွန်ဆက်ရှိ ဖိုးလိုဟာကန်ဆိုင်က အလုပ်သမားဖြစ်သူ မြန်မာလူမျိုး နိုင် အသက် ၃၈ နှစ်က ဒွန်ဆက်ခရိုင်ရှိ ဒွန်ဆက်ရဲစခန်းကို စက်တင်ဘာ ၃၀ ရက်နေ့က ရောက်လာပြီး သူတွေ့ထားတဲ့ ခါးမှာပတ်တဲ့အိတ်တလုံးကို ပေးအပ်ခဲ့ပါတယ်။
မြန်မာအလုပ်သမားနဲ့ ဆိုင်ရှင်က ပိုက်ဆံအိတ်နဲ့အတူ ဘတ်ငွေ ၆၁၉၀ နဲ့ ၅ ဘတ် အလေးချိန်ရှိ ရွှေလက်ကောက်ပျော့တခုကို တွေ့ခဲ့ကြလို့ ရဲစခန်းကို အပ်ပြီး ရဲတွေအနေနဲ့ ပိုင်ရှင်ကို ရှာခိုင်းခဲ့တာပါ။
အဲ့ဒီနောက် ဒွန်ဆက်ခရိုမှာ နေထိုင်သူ ကျောင်းဆရာဖြစ်တဲ့ ဂျီရာဆက်ဆူဝါနာချုတ် အသက် ၅၆ နှစ် ဒွန်ဆက်ရဲစခန်းကို ရောက်လာပြီး ပိုက်ဆံအိတ်ပျောက်ကြောင်း တိုင်ကြားခဲ့ တာပါ။

ရဲစခန်းမှာ ကျောင်းဆရာပျောက်နေတဲ့ အိတ်ကို အပ်ထားတာ တွေ့လို့ ယူခဲ့ပြီး ပိုက်ဆံအိတ်ပြန်အပ်သူ မြန်မာအလုပ်သမားကို ကျောင်းဆရာက ကျေးဇူးပြုတဲ့အနေနဲ့ ငွေ ၂ ထောင် ဆုချခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ညမှာ ဖိုးလိုဟာကန်ဆိုင်အနောက်မှာ သူ့ကားကို ရပ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက် မနက်မှာတော့ သူ့အိတ်ပျောက်နေကြောင်း သိလိုက်ရတယ်လို့ မစ္စတာဂျီရာဆက်က ပြောပါတယ်။ သူ့အထင် မိုးရွာထဲမှာ ကားဆီ ပြေးတုန်း သူ့ပိုက်ဆံအိတ်က ခါးကနေ ပြုတ်ကျသွားတာဖြစ်မယ်လို့ ဆိုပါတယ်။
သူ့ရဲ့ငွေနဲ့ပစ္စည်းတွေ ပြန်ပေးလို့ မြန်မာအမျိုးသားကို အရမ်းကျေးဇူးတင်ကြောင်း ကျောင်းဆရာ မစ္စတာဂျီရာဆက်က ပြောတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013