Home
မြန်မာသတင်း
၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ရန်ကုန်တွင် ကျင်းပ
DVB
·
October 1, 2017
22090184_481429518900675_790819111306020904_n
22089539_481429685567325_9160633125818533438_n
22089049_481429478900679_787538831150044160_n
  ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မူးယစ်ပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိင်ငံရဲတပ်ဖွဲ့အနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ဒီထက်ပိုမိုတိုးမြှင့်ပြီး စတုတ္ထုမဏ္ဏိုင်ဖြစ်တဲ့ မီဒီယာနဲ့အတူ ပွင့်လင်းမြင်သာယာစွာနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အားလျော်စွာ ပြည်သူလုထုကိုအခြေပြုတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲချုပ်ဝင်းနိုင်ကပြောပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း လူကုန်ကူးမှုကိစ္စတွေ တိုက်ဖျက်ရေးလုပ်ငန်း တွေကို အခုထက်ပိုပြီးလုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သုတွေအနေနစဲ့လည်း မှုခင်းတစုံတရာ ဖြစ်ပေါ်ပါက ပြည်သူ့ဝန်ဆောင်မှုတခုဖြစ်တဲ့ 199 ကို ဆက်သွယ်ပူးပေါင်းပေးပါလို့ ရဲချုပ်ဝင်းနိုင်က ပြောဆိုခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024