DVB Logo
Home
မြန်မာသတင်း
အနိုင်ကျင့်ရိုက်နှက်ခံခဲ့ရသည့် ဒေါ်စိုးချေအမှု မြို့နယ်ဥပဒေအကြံပေးရုံး တင်ထား
DVB
·
October 1, 2017
အနိုင်ကျင့်ရိုက်နှက်ခံခဲ့ရသည့် ဒေါ်စိုးချေအမှု မြို့နယ်ဥပဒေအကြံပေးရုံး တင်ထား
Donate to DVB

မြေပုံမြိုမှာ စက်တင်ဘာ ၁၂ ရက်နေ့က ဘင်္ဂါလီဒုက္ခသည် စခန်းတွေဆီကို စားသောက်ကုန်တွေ ရောင်းဝယ်တယ်ဆိုပြီး ရိုက်နှက်ကာ အမျိုးသားသစ္စာဖောက်လို့ မြို့ပေါ်မှာ လှည့်လည်ခဲ့ရတဲ့ အမျိုးသမီးအမှုအား တရားရုံးတင်နိုင်ဖို့ မြို့နယ် ဥပဒေအကြံပေးရုံးကို အခင်း ဖြစ်စဉ်တွေ တင်ပြထားတယ်လို့ မြေပုံမြို့မ ရဲစခန်းမှူး အောင်ပြည့်မိုးက ပြောပါတယ်။

"ကျူးလွန်တယ်လို့ တရားလိုက ထွက်ဆိုထားတဲ့သူ သုံးဦးကိုတော့ အာမာခံနဲ့ လွှတ်ပေးထားပါတယ်။ ဥပဒေ အကြံပေးရုံးကို ၂၉ ရက်နေ့က တင်ပြလိုက်ပါတယ်၊ ဥပဒေရုံးက အကြောင်းပြန်လာရင်တော့ ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။

ကိုယ်ထိလက်ရောက် ကျူးလွန်တာကို ခံခဲ့ရတဲ့ အမျိုးသမီးတဦးဖြစ်သူ ဒေါ်စိုးချေက လက်ရှိအခြေအနေမှာ သူ့အနေနဲ့ ရိုက်နက်ခံခဲ့ရတဲ့ ဝေဒနာကို ခံစားနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"ကျမ ခုချိန်ထိ ရင်ဘတ်တွေ နာနေဆဲပါ။ သူတို့က လက်သီးတွေနဲ့ထိုးတာ၊ ဆံပင်တွေကိုလည်း ဖြတ်လိုက်တယ်။ ကျမဆီက ငွေတွေကိုလည်း ယူသွားတယ်၊ ကျမတော့ အမှန်တရားတိုင်းပဲ ဖြစ်စေချင်ပါတယ်" လို့ပြောပါတယ်။

ဒေါ်စိုးချေရဲ့ ထွက်ဆိုချက်အရ မြေပုံမြို့မရဲစခန်းမှ ၃၂၃၊ ၂၅၃၊ ၅၀၀ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့ မခင်အေးဝင်းကြည်က "အခင်းဖြစ်တဲ့အချိန်မှာ ကျမ ဘာမှကျူးလွန်တိုက်ခိုက်ခဲ့တာ မရှိပါဘူး၊ ဒါတွေကို တရားရုံးမှာ ကြားနာစစ်ဆေးသွားဖို့လည်း အဆင့်သင့်ပါ" လို့ သူ မပါဝင်ခဲ့ဘူးဆိုတာကို ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။

ဒေါ်စိုးချေကို ဘဂါင်္လီတွေဆီ ကုန်ပစ္စည်းတွေ သွားရောင်းတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလည်း ရခိုင်အမျိုးသမီး ကွန်ရက်အဖွဲ့ဝင်တွေ လုပ်ခဲ့တာမဟုတ်ဘူးလို့ ကွန်ရက်ရဲ့  ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ခင်သိန်းက ဆိုပါတယ်။

"တောင်ကျောင်းမှာ ကျမတို့ သြဂုတ် ၂၉ မှာ အစည်းအဝေး လုပ်တယ်။ ပစ္စည်းတွေ ဖမ်းဆီးစစ်ဆေးမယ့်အဖွဲ့မှာ ကျမတို့ တာဝန်ယူထားတာလည်းမရှိဘူး။ ဒါကြောင့် ကျမတို့နဲ့လည်း ဒီကိစ္စဟာ သက်ဆိုင်မှုမရှိပါဘူး။"

လက်ရှိအခြေနေမှာတော့ မြေပုံမြို့မှာ လူပေါင်း ၃၀၀၀ ကျော်ရှိတဲ့ ဘင်္ဂါလီဒုက္ခသည်စခန်းတခုရှိပြီး စခန်းရဲ့  စားဝတ်နေရေးကို ပြည်နယ်အစိုးရရဲ့ အစီစဉ်အနေနဲ့ ပေးပို့နေတယ်လို့ သိရှိရပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013