DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ကိုးတန်းကျောင်းသားတဦး ရေနစ်သေဆုံး
DVB
·
September 30, 2017
မိတ္ထီလာတွင် ကိုးတန်းကျောင်းသားတဦး ရေနစ်သေဆုံး
Donate to DVB

မိတ္ထီလာမြို့နယ်၊ မကျီခြောက်ရွာအဝင်၊ ရေနုတ်မြောင်းတွင်း စက်တင်ဘာ ၂၉ ရက်ည ၇ နာရီခွဲလောက်က ရေဆင်းချိုးတဲ့ ၉ တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။
မိတ္ထီလာကန်ကနေ စိုက်ပျိုးရေ ပေးထားတဲ့ အကျယ် ၁၀ ပေ အနက် ၄ ပေရှိတဲ့ ရေမြောင်းထဲ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ရှိ ၉ တန်း ကျောင်းသား လွင်ဘိုဘိုထက်ဟာ ရေပြွန်ပေါက်ထဲရောက်ပြီး ရေနစ်သေဆုံးသွားတယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်လှမျိုးသူက “ရေမြောင်းထဲက ရေစီးနဲ့ပါသွားပြီး ရေပြွန်ထဲဝင်သွားတာ မြင်တဲ့သူတွေ ဝိုင်းဆယ်ကြတယ်။ မိတ္ထီလာဆေးရုံရောက်တော့ သေဆုံးနေပြီဆိုတာ သိရတယ်” လို့ ပြောပါတယ်။
မိတ္ထီလာအမှတ် ၂ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013