DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ရန် နယ်စပ်ရောက်ရှိသူ ၂၀၀၀ ကျော်ကို တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း
DVB
·
September 30, 2017
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ရန် နယ်စပ်ရောက်ရှိသူ ၂၀၀၀ ကျော်ကို တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း
Donate to DVB

ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာတွေက ဘင်္ဂါလီ ၂ ထောင်ကျော်ဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာဖို့ နယ်စပ်နားကို ရောက်ရှိနေကြလို့ မြန်မာတာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ ပညောင်ပင်ကြီးကျေးရွာ၊ နယ်စပ်ခြံစည်းရိုးအနီး မှိုဝင်ချောင်းဝနဲ့ ဂေါ်ဒူသာရ ချောင်းဝမှာ ဘူးသီးတောင်မြို့နယ်အတွင်းကနေ တဖက်နိုင်ငံကို တိမ်းရှောင်မယ့် ဘင်္ဂါလီတွေ ရောက်နေတယ်လို့ သတင်းရတဲ့ အတွက် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့တာပါ။

သူတို့တွေဟာ စားဝတ်နေရေးအခက်အခဲတွေ၊ လုံခြုံရေးအခြေအနေအရ ကျေးရွာမှာ လုံခြုံမှုမရှိလို့ ယူဆတာ၊ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့  ဘင်္ဂါလီတွေက ဆက်သွယ်ပြောဆိုတာတွေကြောင့် အခုလို ထွက်ခွာဖို့ ကြိုးစားကြတာလို့ အစိုးရက ထုတ်ပြန်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးက စားဝတ်နေရေး အခက်အခဲရှိရင် ဆန်၊ ဆီ၊ ဆား၊ ပဲ ၄ မျိုးကို ဒေသအတွင်းက နှစ်ဖက်လူအဖွဲ့အစည်းတွေကို လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့လည်း ဒေသအတွင်းမှာ အေးချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့ ပါတယ်။ ပြီးတော့ မိမိတို့ဒေသရပ်ရွာတွေမှာာ အေးအေးချမ်းချမ်းပြန်နေထိုင်ပြီး လုပ်ကိုင် စားသောက် ကြဖို့၊ အခက်အခဲတွေကို တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပြခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီအပေါ်မှာ သူတို့ဘက်က နားလည် သဘောပေါက်ပေမယ့် ကိုယ်ပိုင်ဆန္ဒနဲ့ တဖက်နိုင်ငံကိုပဲ သွားချင်တယ်လို့ ပြန်လည်တင်ပြကြတယ်လို့လည်း ဆိုပါတယ်။

နယ်စပ်အနားကို ရောက်ရှိနေသူတွေကတော့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဘူးသီးတောင် မြို့နယ်အတွင်း ဂူတာပြင်ကျေးရွာက ၁၆၈ ယောက်၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ ရွှေထားကျေးရွာနဲ့ ဇင်ခါးမကျေးရွာတို့ ၂၅၅ ယောက်၊ တောင်ချောင်းကျေးရွာနဲ့ ပေါက်တောကျေးရွာက ၂၈၁ ယောက်၊ သိမ်တောင်ပြင်ကျေးရွာနဲ့ ကာလီကျေးရွာတို့က အယောက် ၂၀၀၊ ဒုအိုးသည်မကျေးရွာက ၃၅ ယောက်၊ စက်တင်ဘာ ၂၈ ရက်မှာ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာနဲ့ ငွေတောင်ကျေးရွာတို့က ၈၉၅ ယောက်၊ စက်တင်ဘာ ၂၉ ရက်မှာ ဂူတာပြင်ကျေးရွာက အယောက် ၅၃၀ တို့ဟာ တဖက်နိုင်ငံကို ထွက်ခွာဖို့ စုပြုံရောက်ရောက်ရှိနေတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013