DVB Logo
Home
မြန်မာသတင်း
ကျွန်းစုတွင် ခရီသည်တင်ယာဉ်တစီး ချောက်ထဲထိုးကျ
DVB
·
September 30, 2017
ကျွန်းစုတွင် ခရီသည်တင်ယာဉ်တစီး ချောက်ထဲထိုးကျ
Donate to DVB

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲဒိုင်ကျေးရွာက ခရီးသည်တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့မနက် ၆ နာရီလောက်က ချောက်ထဲထိုးကျ ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ် ပဲဒိုင်ကျေးရွာကနေ သင်္ကန်းရှောင်ကျေးရွာကို ယာဉ်မောင်း မင်းထွန်း မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ "ကစပ်"တောင်အတက် ငွေကမ္ဘာ ခဲမိုင်းကုမ္ပဏီ အနီးမှာ စက်ချွတ်ယွင်းပြီး ချောက်ထဲထိုးကျခဲ့တာ ဖြစ်ပါတယ်။

သဇင်ရဲစခန်းမှ ဒုရဲအုပ် မြင့်ဂွမ်က “ပဲဒိုင်ကျေးရွာက ထွက်လာတဲ့ကားက ခရီးသည် ၁၂ ဦးနဲ့ ကမာကောင် အိတ် ၃၀ တင်ပြီး သင်္ကန်းရှောင်ကျေးရွာကိုသွာတာပါ။ "ကစပ်"တောင် အတက်မှာ ကလပ်ပြားချောသွားပြီး ကားက နောက်ပြန်လိမ့်ဆင်းပြီး ချောက်ထဲထိုးကျသွားတယ်” လို့ ပြောပါတယ်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၈ ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိပြီး မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားကြောင်းသိရပါတယ်။

“လူနာတွေကတော့ ကျိုးပဲ့တာ မရှိပါဘူး။ ထိခိုက်ပွန်းပဲ့ဒဏ်ရာပဲရတယ်။ ဒီထဲက တစ်ယောက်ပဲ ဒေါ်ငွေရီ(၄၀)နှစ်၊ ကားမှောက်တဲ့အချိန်မှာ ကမာကောင်အိပ်နဲ့ ပိမိပြီး နောက်ကျောဘက်မှာ အတွင်းဒဏ်ရာရသွားတယ်။ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှုပြုလုပ်ပေးနေပါ တယ်” လို့ မြိတ်ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်က ပြောပါတယ်။

သဇင်ရဲစခန်းက ယာဉ်အားမဆင်မချင်မောင်းနှင်သူ မင်းထွန်း ကို အရေးယူဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013