DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့ရသည့် တောင်သူများ ကုမ္ပဏီရှေ့ ဆန္ဒပြ
DVB
·
September 29, 2017
ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့ရသည့် တောင်သူများ ကုမ္ပဏီရှေ့ ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကြောင့် ဆုံရှုံးနစ်နာခဲ့မှုတွေအတွက် ဒီနေ့ ညနေက လက်ပံတောင်းတောင် ဒေသခံတွေ စုပေါင်းကာ ကုမ္ပဏီရှေ့အထိ လမ်းလျှောက်ချီတက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို မိုးကြိုးပြင်၊ တုံ၊ ဆည်တည်းက ဒေသခံတောင်သူ ၂၀၀ ကျော်စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပြီး စီမံကိန်းပိုလျှံမြေထဲက အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေး၊ လက်ပံတောင်းတောင်အစီရင်ခံစာပါအချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး၊ ကုမ္ပဏီ၊ ဒေသခံ၊ ဦးပိုင်၊ အစိုးရ တွေ့ဆုံရေး စတဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကိုခွင့်ပြုချက်တင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆားလင်းကြီး မြို့နယ်ရဲမှူး ရဲမှူးဌေးဝင်းက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ကြေးနီစီမံကိန်းစတင်ကတည်းက ကန့်ကွက်ဆန္ဒပြလာခဲ့တာ အနည်းဆုံးအကြိမ် ၃၀၀ ကျော်ရှိပြီး တောင်းဆိုချက်တွေ မရမချင်း စီမံကိန်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်သွားမယ်လို့ ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013