DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ်တစီး တိမ်းမှောက်
DVB
·
September 29, 2017
အမြန်လမ်းမကြီးတွင် ယာဉ်တစီး တိမ်းမှောက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၆ မိုင်အနီးမှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက ယာဉ်တစ်စီး ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းမအလယ်မှာ တိမ်းမှောက်သွားခဲ့တယ်လို့ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းမှ သိရပါတယ်။

ဖြစ်စဉ်မှာ ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၆၆ /၆ နှင့် ၆၆/၇ ဖာလုံအကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း ဇေယျာထွေး မောင်းနှင်လာတဲ့ CRV အမျိုးအစား ယာဉ်ဟာ ရှေ့ယာဘက်ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးကို တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းမှာ ၀ဲဂျိုဇောင်းပေါက်ပြဲ၊ ယာတံ တောင်ဆစ်ပေါက်ပြဲ၊ ၀ဲ/ယာ လက်ဖျံပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ အမြန်လမ်းမကြီးရဲစခန်းစခန်းက ဆိုပါတယ်။

အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်မောင်း ဇေယျာထွေးကို  ယာဉ်အားမဆင်မခြင် ပေါ့ဆစွာမောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

ဓာတ်ပုံ-ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013