DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို မြန်မာပြည်လာရောက်ရန်ဖိတ်ခေါ်
DVB
·
September 29, 2017
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို မြန်မာပြည်လာရောက်ရန်ဖိတ်ခေါ်
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်နဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တွေ ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ကြဖို့ မြန်မာအစိုးရက  တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့  စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  တံခါးဖွင့်အစည်းအဝေးမှာ  မြန်မာနိုင်ငံ  အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာသောင်းထွန်းက ပြောကြားလိုက်တာပါ။

“ရန်ကုန်က သံတမန်ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာတွေလိုက်ပါပြီး လာမယ့် တနင်္လာနေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားဖို့ရှိပါတယ်။ သူတို့တွေအနေနဲ့ မြေပြင်က အခြေအနေတွေကို မျက်မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တွေကိုလည်း မြန်မာနိုင်ငံကိုလာဖို့ မြန်မာအစိုးရအနေနဲ့ ဖိတ်ကြားပါတယ်။  မြန်မာအစိုးရအနေနဲ့ မကြာခင်အနာဂတ်မှာ ကုသမဂ္ဂနဲ့ မြန်မာအကြား  ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာဖို့လည်း မျော်လင့်ပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် လူမျိုးစုသုတ်သင်ရှင်းလင်းမှုနဲ့၊ လူမျိုးသုဉ်းသတ်ဖြတ်မှု ရှိနေတယ်ဆိုပြီး စိတ်ခံစားချက်နဲ့  စွပ်စွဲပြောဆို ချက်တွေနဲ့ပတ်သက်ပြီးလည်း မြန်မာ ကိုယ်စားလှယ်က ကန့်ကွက်ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေအတွက် အချိန်တွေ အကြာကြီး ကြိုးပမ်းလာခဲ့တဲ့သူတွေဖြစ်တာကြောင့် လူမျိုးပြုတ်ရှင်းလင်းတာ၊ လူမျိုးသုဉ်း သတ်ဖြတ်မူဆိုတဲ့ မူဝါဒကို ဘယ်တော့မှ ထောက်ခံအားပေးမှာမဟုတ်သလို အစိုးရအနေနဲ့ အကြမ်းဖက်မှု လူမျိုးတုံးသတ်ဖြတ်တာတွေမဖြစ်အောင် တားဆီးကာကွယ်ဖို့ အားလုံး လုပ်သွားမယ်”

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ကတော့  ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့၊ လူသာခြင်းစာနာမှုအကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကိုနေရပ် အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံခြားသံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့တခု  စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ သွားရောက်ဖို့ အစိုးရက  စီစဉ်ခဲ့ပေမယ့်  ရာသီဥတုအခြေအနေနဲ့ သံတမန်အဖွဲ့ အကြီးအကဲရဲ့ မေတ္တာရပ်ခံချက်ကြောင့် သွားရောက်နိုင်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာ ၂ရက်နေ့မှာ သွားရောက်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013