DVB Logo
Home
မြန်မာသတင်း
ဦးကိုနီအား လုပ်ကြံရန် ကမ်းလှမ်းခံခဲ့ရသည့် ဦးအောင်စိုးကို လိုပြသက်သေအဖြစ် စစ်ဆေး
DVB
·
September 29, 2017
ဦးကိုနီအား လုပ်ကြံရန် ကမ်းလှမ်းခံခဲ့ရသည့် ဦးအောင်စိုးကို လိုပြသက်သေအဖြစ် စစ်ဆေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ အမှုစစ်ဆေးနေချိန်မှာ ဦးကိုနီအား လုပ်ကြံဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ ဦးအောင်စိုးကို တရားလိုပြသက်သေအဖြစ် စက်တက်ဘာ ၂၉ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်သူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို စစ်ဆေးနေတဲ့ရုံးချိန်း ၂၆ ကြိမ်မြောက်မှာ ဦးအောင်စိုးက တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုပေးခဲ့တာဖြစ်ပါတယ်။

ဦးကိုနီအား လုပ်ကြံဖို့အတွက် အောင်ဝင်းဇော်က လာရောက်ကမ်းလှမ်းတာကို ဦးအောင်စိုးက ငြင်းပယ်လိုက်တာကြောင့် သေနတ်သမား ကြည်လင်းကို ငှားရမ်းခဲ့တာလို့ ကိုအောင်စိုးရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးကိုနီကို  ကြည်လင်းက သေနတ်နဲ့ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013