DVB Logo
Home
မြန်မာသတင်း
အုန်းနှဲရဲစခန်းတွင် ရဲတပ်သားတဦး ဆွဲကြိုးချသေဆုံး
DVB
·
September 29, 2017
အုန်းနှဲရဲစခန်းတွင် ရဲတပ်သားတဦး ဆွဲကြိုးချသေဆုံး
Donate to DVB

က၀မြို့နယ် အုန်းနှဲ နယ်မြေ ရဲစခန်းရဲ့ အပေါ်ထပ်အချုပ်ခန်းအနီးမှာ စက်တင်ဘာလ ၂၈ ရက်နေ့က ရဲတပ်သားတဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီစခန်းအပေါ်ထပ်မှာ ရဲလိုင်းခန်း အခက်အခဲအရ လူပျိုတပ်ဖွဲ့ဝင် ၅ ဦး စုပေါင်းနေကြရပြီး အခုကြိုးဆွဲချသေဆုံးသူဟာ အိမ်ထောင်ရှိသူ ဖြစ်ပါတယ်၊

အခင်းဖြစ်တဲ့ မနက် ၁၁ နာရီခွဲလောက်မှာ ရဲတပ်သား သိန်းထိုက်အောင်ဟာ စခန်းအပေါ်ထပ်က သူရဲ့ကုတင်က ဖုန်းအားသွင်းကြိုးလာယူစဉ် သေဆုံးသူ နေလင်းအောင်က သူမိန်းမကို အလွန်ချစ်ကြောင်း၊ မိန်းမ နဲ့ အဆင်မပြေကြောင်းတွေ ပြောခဲ့တယ်လို့ ရဲတပ်သား သိန်းထိုက်အောင်က ပြောပါတယ်။

ဒါ့အပြင် အဲဒီအချိန်က စခန်းအပေါ်ထပ်မှာ ရဲတပ်သား ကျော်မြင့်သန်းက အိပ်နေပြီး စောဟန်နလီဒေးဗစ်ကတော့ ဖုန်းနဲ့ ဗွီဒီယိုကြည့်နေပါတယ်။ အချုပ်ခန်းမှာကလည်း အချုပ်သား မရှိတဲ့အတွက် အလှည့်ကြ ကင်းသမားနှစ်ဦးကလည်း စခန်းရှေ့မှာ ကင်းစောင့်နေကြပါတယ်၊ ၁၂ နာရီထိုးခါနီးလောက်မှာ ကင်းမှူး ရဲဒုတပ်ကြပ် ချမ်းမြေ့အောင်က သူရဲ့ computer laptop အား သွားယူစဉ် အခုလိုကြိုးဆွဲချ သေဆုံးနေတာ တွေ့ရှိခဲ့ရတာလို့ ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။

အခုလို ရဲတပ်သား နေလင်းအောင် ၂၂ နှစ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် အုန်းနှဲနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၁၇) နဲ့ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013