Homeမြန်မာသတင်း
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေသူများကို မုံရွာအနုပညာရှင်များက ငွေနှင့်ပစ္စည်းများ လှူဒါန်း
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေသူများကို မုံရွာအနုပညာရှင်များက ငွေနှင့်ပစ္စည်းများ လှူဒါန်း
DVB
·
September 29, 2017

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခေတ္တထွက်ပြေး တိမ်းရှောင်ခိုလှုံနေကြတဲ့ ရခိုင်ပြည်သူတွေအတွက် မုံရွာမြို့ အနုပညာရှင်တွေ စုပေါင်းပြီး အလှူငွေနဲ့ ထောက်ပံ့ပစ္စည်းတွေ လှူဒါန်းပေးအပ်မှုကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။
လှူဒါန်းပေးအပ်မှုကို မုံရွာမြို့ရှိ နန္ဒဝန်ရပ်ကွက်မှာ ပြုလုပ်ခဲ့တာပြီး အနုပညာရှင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ စေတနာစိတ်ထား ရွှေနှလုံးသားအဖွဲ့က အခုလို လှူဒါန်းခဲ့တာပါ။
လှူဒါန်းရာမှာ ငွေကြေးအဖြစ် သိန်း ၅၃၅၀၀၀၀၊ အဝတ်စားနဲ့ အစားစာတွေလည်း ပါဝင်ပါတယ်။
လှူဒါန်းပေးအပ်တဲ့ ပစ္စည်းတွေကို စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တက်ရောက်လက်ခံခဲ့ပါတယ်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲကို မုံရွာမြို့ရှိ အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ရန်နိုင်စိုး