DVB Logo
Home
မြန်မာသတင်း
ယာဉ်တိုက်မှုဖြစ်သည့် လိုက်ထရပ်ယာဉ်ပေါ်မှ ကျွန်းတံခါးချပ်များ ဖမ်းမိ
DVB
·
September 28, 2017
ယာဉ်တိုက်မှုဖြစ်သည့် လိုက်ထရပ်ယာဉ်ပေါ်မှ ကျွန်းတံခါးချပ်များ ဖမ်းမိ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ တိုးချဲ့ကမ်းနားလမ်းနှင့် ရွှေဗျိုင်းဖြူ လမ်းထောင့်မှာ စက်တင်ဘာ ၂၇ ရက် ည ၇ နာရီလောက်က ဆိုင်ကယ်တစီးနဲ့ လိုက်ထရက်ယာဉ်တစီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာကနေ ကျွန်းတံခါးချပ်တွေ ဖမ်းမိခဲ့တယ်လို့ မော်လမြိုင်မြို့မ ရဲစခန်းက ပြောပါတယ်။

ယာဉ်တိုက်မှုကို မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ကူညီပေးခဲ့ပြီး မြို့မရဲစခန်းက တာဝန်ကျ ယာဉ်ထိန်းရဲအရာရှိတွေက လာရောက်စစ်ဆေးခဲ့ရာ ဟိုက်ဂျက်ယာဉ်မှာ ဖွဲအိတ်တွေနဲ့ ဖုံးအုပ်ထားတဲ့ ကျွန်းတံခါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။

မော်လမြိုင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်ဝင်းက “ကားနဲ့ဆိုင်ကယ်တိုက်တော့ ကားယာဉ်မောင်းက ကားထားပြီး ထွက်ပြေးသွားတယ်။ ယာဉ်နံပါတ်တွေကတော့ ပဲခူးလိုင်စင်နံပါတ်ပါ။ လုပ်ထုံးလုပ်နည်းအရ ကညနမှာ ပိုင်ရှင်ကို စုံစမ်းရမှာပေါ့။” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရက်ယာဉ်မှ ယာဉ်မောင်းတွေ ထွက်ပြေးတိမ်းရှောင်သွားပြီး ဆိုင်ကယ်ပေါ်ပါလာတဲ့ အမျိုးသားနှစ်ဦးအနက် တဦးမှာ ဘယ်ဘက်ခြေထောက်ကျိုးသွားပြီး ကျန်တဦးမှာ ဦးခေါင်းကွဲကာ ဘယ်ဘက်ရင်ဘတ် ပြဲရှ ဒဏ်ရာများရရှိခဲ့တဲ့အတွက် မော်လမြိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လိုက်ထရက်ကားပေါ်လာတဲ့ ကျွန်းတံခါးချပ်တွေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့မှ မွန်ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေကို လွှဲပြောင်းပေးခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူတွေကို ပုဒ်မ-၃၃၇/၃၃၈ တွေနဲ့အမှုဖွင့်ထားပြီး တရားမ၀င်သစ်တွေကိုတော့ သစ်တောဦးစီးဌာနက ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း-အာကာမင်း

ဓာတ်ပုံ- Mawlamyine Rescue

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013