
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာနဲ့ ရဲဘော်ကျကျေးရွာအနီးမှာ သြဂုတ်၂၄ ရက်နေ့နဲ့ ၂၅ ရက်တွေက ARSA အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုတွေကြောင့် ဟိန္ဒူဘာသာဝင်တွေ၅၂ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၁၉၂ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
သတ်ဖြတ်မြေမြှုပ်ခံထားရတဲ့ ဟိန္ဒူဘာသာဝင်ရုပ်အလောင်းတွေ တွေ့ရှိရာနေရာများကို ပြည်တွင်း ပြည်ပမီဒီယာတွေက စက်တင်ဘာ ၂၇ ရက်နေ့က သွားရောက်သတင်းယူခဲ့ပါတယ်။
အသတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဆွေမျိုးနဲ့ မိသားစုဝင်တွေကလည်း အလောင်းတွေကို တူးဖော်ရရှိခဲ့နေရာတွေကို သွားရောက်ကြည့်ရှုခဲ့သလို ခံစားချက်တွေနဲ့ ပူဆွေးသောက ဖြစ်နေကြတာတွေကို တွေ့ခဲ့ရပါတယ်။
သတင်း- ဝဏ္ဏခွာညို










