DVB Logo
Home
မြန်မာသတင်း
စားသုံးရန်မသင့်သည့် တရုတ်နှင့်ထိုင်းနိုင်ငံထုတ်မုန့်များကို ဖျက်ဆီး
DVB
·
September 28, 2017
စားသုံးရန်မသင့်သည့် တရုတ်နှင့်ထိုင်းနိုင်ငံထုတ်မုန့်များကို ဖျက်ဆီး
1 / 6
Donate to DVB

 

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ထဲက ဈေးတချို့မှာ  ကလေးငယ်တွေစားသုံးဖို့ မသင့်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံထုတ်မုန့်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်နဲ့ စားသုံးသူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်းပြီး သိမ်းဆည်းဖျက်ဆီးခဲ့ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ နန္ဒဝန်ဈေးကို စတင်စစ်ဆေးခဲ့ပြီး မုန့်တွေကို သိမ်းဆည်းခဲ့တဲ့အကြောင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်အမတ် ဒေါ်သစ်သစ်မြင့်က “ဒီမုန့်တွေက သက်ဆိုင်ရာကလည်း တားမြစ်ထားပြီးသားပါ။ တချို့မုန့်တွေဆို တကယ်ကို အန္တရာယ် ရှိပါတယ်။ အဲဒီ့အတွက် အခုလို တားမြစ်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

စားသုံးသူကာကွယ်ရေးအသင်း အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က “ပထမအကြိမ် တွေ့ရှိတာတွေကို သတိပေးနမူနာသိမ်းတွေ လုပ်ပါတယ်။ နောက်တကြိမ်ဆိုရင် အကုန်သိမ်းပြီး တရားစွဲဖို့အထိပါ လုပ်သွားမှာပါ”လို့ ပြောပါတယ်။

ပူးပေါင်းအဖွဲ့ဟာ တောင်ဥက္ကလာပမြို့နယ် ပဒေသာဈေး၊ ၁၀ ရပ်ကွက်ဈေးတွေကိုပါ သွားရောက် စစ်ဆေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013