DVB Logo
Home
မြန်မာသတင်း
ငိုကြွေးနေသည့်ဟိန္ဒူအမျိုးသမီး၏ဓာတ်ပုံ တိုင်း(မ်)မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြသင့်ဟုဆို
DVB
·
September 28, 2017
ငိုကြွေးနေသည့်ဟိန္ဒူအမျိုးသမီး၏ဓာတ်ပုံ တိုင်း(မ်)မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြသင့်ဟုဆို
Donate to DVB

ARSA အကြမ်းဖက်သမားတွေရဲ့သတ်ဖြတ်ခံရပြီး မိသားစုဝင်သေဆုံးသွားခဲ့လို့ ၀မ်းနည်း ငိုကြွေးနေတဲ့ ဟိန္ဒူအမျိုးသမီးကြီးရဲ့ ဓာတ်ပုံကို တိုင်း(မ်)မဂ္ဂဇင်းအနေနဲ့ မျက်နှာဖုံးမှာ ဖော်ပြသင့်တယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ အာဘော်မှာ ရေးသားလိုက်ပါတယ်။

“နောက်အပတ်ထွက်မည့် တိုင်း(မ်)မဂ္ဂဇင်းတွင် ပါသင့်သည့် မျက်နှာဖုံးပုံမှာ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးကို ဖက်၍ငိုနေသော ဟိန္ဒူအမျိုး သမီးကြီး၏ပုံသာဖြစ်ပါသည်။ ‘ရိုဟင်ဂျာဟုဆိုနေသူ အကြမ်းဖက်သမားများ၏ ဇာတိရုပ်အမှန်ပေါ်ပြီ’ဟူသော ခေါင်းစဉ်မျိုးနှင့် ဖော်ပြသင့်ပါသည်။”လို့ သတင်းစာမှာရေးပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထုတ် တိုင်း(မ်)မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ “Myanmar’s Shame” မြန်မာ့အရှက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လှေစီးထွက်ပြေး ရောက်ရှိလာသူ ၂ ဦးရဲ့ ဓာတ်ပုံနဲ့ တကွဖော်ပြခဲ့တဲ့အပေါ် မြန်မာအစိုးရ သတင်းစာကနေ ပြန်လည်တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

ဘယ်သတင်းဌာနမှာမဆိုဆို ဘင်္ဂလီတွေ ထွက်ပြေးရမှုကိုသာ အသားပေးဖော်ပြကြပြီး ပြည်တွင်းဒေသခံ တိုင်းရင်းသားတွေ ရက်ရက်စက်စက် အသတ်ခံရမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကို လုံးဝဖော်ပြခဲ့ကြခြင်းမရှိကြောင်းနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေမှ မမှန်ကန်တဲ့ သတင်းတွေ လွှင့်ထုတ်တာတွေကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားနေသလို ဖြေစ်စေခဲ့တယ်လို့လည်းဆိုပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာခရစ်ရှ်နန်က အစွန်းရောက်ဝါဒီတွေရဲ့ ထောင်ချောက်ထဲတည့်တည့်ကြီးဝင်မသွားမိစေရန် ဂရုစိုက်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုတော့ မြန်မာသတင်းစာက ထောက်ခံရေး သားထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013