DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကို ရှုတ်ချကြောင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုကြေညာ
DVB
·
September 28, 2017
အကြမ်းဖက်မှုကို ရှုတ်ချကြောင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုကြေညာ
Donate to DVB

 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ထောက်ခံတဲ့ အကြောင်းနဲ့ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချကြောင်း အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေက ကြေညာလိုက်ပါတယ်။

အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ အကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူအားလုံး ကောင်းရာ သုဂတိလားဖို့ ဆုတောင်းကြောင်းနဲ့ ကျန်ရစ်သူတွေကို အစိုးရက ကူညီမယ်လို့ ယုံကြည်ကြောင်းလည်း အာဇာနည်မိသားစုတွေရဲ့မနေ့က ကြေညာချက်မှာ ဖော်ပြပါတယ်။

ဦးရာဇတ်ရဲ့ သားဖြစ်သူ ဦးတင်မြင့်က “ဒါက ကျနော်တို့ မိသားစုတွေရဲ့ သဘောထားဖြစ်ပါတယ်။ မန်းဘခိုင်ရဲ့ မိသားစုကိုတော့ အခု ဆက်သွယ်နေပါတယ်။ ကျနော့်ရဲ့ သဘောထားကလည်း အကြမ်းဖက်မှုတွေကို ရှုတ်ချပါတယ်။ ကိုယ်တိုင် အဖေဆုံးထားသူ တယောက်အနေနဲ့ ကျန်ရစ်သူတွေကို ကိုယ်ချင်းစာပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013