DVB Logo
Home
မြန်မာသတင်း
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တိုးချဲ့မှုရပ်ဆိုင်းရန် ကချင်ပြည်နယ် မြို့ ၃မြို့တွင် ဆန္ဒပြ
DVB
·
September 28, 2017
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တိုးချဲ့မှုရပ်ဆိုင်းရန် ကချင်ပြည်နယ် မြို့ ၃မြို့တွင် ဆန္ဒပြ
Donate to DVB

 

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့တိုးချဲ့ပြီး ကမ္ဘာ့သဘာဝအမွေအနှစ် နယ်မြေအဖြစ်သတ်မှတ်ဖို့ အစိုးရက ဆောင်ရွက်နေတာကို ရပ်ဆိုင်းပေးဖို့ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန်နဲ့ မချမ်းဘောမြို့နယ် ၃ ခုက ဒီကနေ့မှာ လှည့်လည်ဆန္ဒပြနေကြပါတယ်။

ပူတာအိုမြို့မှာ လူဦးရေ ၈၀၀၀ လောက်နဲ့ ဒီကနေ့မနက် မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပြီး အဓိကအားဖြင့် ကမ္ဘာ့သဘာဝအမွေအနှစ်နယ်မြေသတ်မှတ်ဖို့ လုပ်ဆောင်နေ တာကို ရပ်ဆိုင်းဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးယောရှုက ပြောပါတယ်။

“အဓိက တောင်းဆိုတာက ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့တိုချဲ့ရေး အလိုမရှိဆိုတဲ့အရာကို ကျနော်တို့ တောင်းဆိုထားပါတယ်။ အဓိက ရည်ရွယ်တာက ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို တောင်ပိုင်းသို့တိုချဲ့ပြီးမှ ကမ္ဘာ့မွှေအနှစ်အဖြစ် သတ်မှတ်မယ်ဆိုတဲ့ဟာကို ကြေညာ စာတန်းထိုးထုတ်တဲ့အတွက်ကြောင့်မို့ ဒီဒေသခံတွေက အဲဒါကို ကျနော်တို့က လက်မ ခံနိုင်ဘူး။ ရပ်ဆိုင်းပေးပါဆိုပြီး အခုဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။”

ဒေသခံတွေအနေနဲ့ ဒီကမ္ဘာ့သဘာဝအမွေအနှစ်နယ်မြေအဖြစ်လက်ခံဖို့ အဆင်သင့် မဖြစ်သေးသလို ဒီလိုသတ်မှတ်လိုက်ရင်လည်း ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲမျာစွာဖြစ်သွားမယ်လို့လည်း ပြောပါတယ်။
“အဲဒီဟာ သတ်မှတ်လိုက်တဲ့အခါကျတော့ သတ်မှတ်လိုက်တဲ့ဧရိယာအတွင်းကို ၀င်လို့ မရတော့ဘူး။ သွားလို့ မရတော့ဘူး။ ယနေ့ဒေသခံတွေက စားဝတ်နေရေးအတွက် တောင်ယာတွေလည်း လုပ်လို့မရတော့ဘူး၊ ဆေးဥ၊ ဆေးမြစ်တွေ ရှာလို့မရတော့ဘူး။ မိမိရဲ့ မိသားစုသားသမီးတွေကို ထောက်ပံ့တဲ့ ဆေးဥ၊ ဆေးမြစ်တွေကိုရှာပြီးမှ ရောင်းတယ်။ အဲဒါနဲ့ သားသမီးတွေကို ပညာသင် ထောက်ပံ့တယ်။ အဲဒါတွေ အားလုံးက ရပ်ဆိုင်းသွားမှာဖြစ်တယ်။ အဲဒါကြောင့်မို့ ယခု ဆန္ဒထုတ်ဖော်ပြီးမှ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။”

ပူတာအိုမြို့နဲ့ နောင်မွန်မြို့မှာ တချိန်တဲ့ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပြီး မချမ်းဘော မြို့နယ်မှာတော့ နေခင်း ၁ နာရီကနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ပွဲလုပ်ဖို့လည်း စီစဉ်ထားကြ ပါတယ်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကို ကမ္ဘာ့အမွေအနှစ်မြေအဖြစ် သတ်မှတ်ဖို့ရည်ရွယ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ၂၀၁၇ ဇူလိုင် ၂၇ ရက်က အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
လတ်တလောတိုးချဲ့လိုက်တဲ့ အမျိုးသားဥယျာဉ်ကြောင့် ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူးနဲ့ နောင်မွန်းမြို့နယ်က ကျေးရွာ ၁၀၀ ကျော်ရှိ  ဒေသခံ တသောင်းလောက်ထိခိုက်နိုင်တယ်လို့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မီတီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အဆိုပါဒေသတွေမှာ ဒေသခံတွေက တောတောင်တွေကို အမှီပြုပြီး တောထွက် ပျားရည်၊ ရှီးပတီး၊ သစ်မြစ်သစ်ဥတွေကို တူးပြီး ဘ၀ရှင်သန်နေကြရတာဖြစ်ပါတယ်။
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဟာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ တည်ရှိပြီး မြေဧရိယာ အကျယ်အဝန်း ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းကာ ၁၉၈၈ ခုနှစ်မှာ အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013