DVB Logo
Home
မြန်မာသတင်း
ကျားဖောင်ပေါ်မှ ပြုတ်ကျသည့် ရေလုပ်သားအလောင်း ပြန်တွေ့
DVB
·
September 28, 2017
ကျားဖောင်ပေါ်မှ ပြုတ်ကျသည့် ရေလုပ်သားအလောင်း ပြန်တွေ့
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာကျားတန်း ကျားဖောင်ပေါ်ကနေ ပြုတ်ကျပျောက်ဆုံးနေတဲ့ ရေအလုပ်သမား ကိုချစ်ဆန်းမောင်ရဲ့ ရုပ်အလောင်းကို ၃ ရက်မြောက်တဲ့နေ့မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီက ကျားဖောင်ပေါ်က ရုတ်တရက်ရေထဲပြုတ်ကျခဲ့တာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေက လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိရဘဲ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကိုချစ်ဆန်းမောင်ရဲ့ ရုပ်အလောင်းကို အဘော်ကျားတန်းမှရေမိုင် ၁ မိုင်လောက်မှာ တွေ့ရှိခဲ့တာလို့ ရေးမြို့မရဲစခန်းမှူးက ပြောပါတယ်။

အလောင်းတွေ့ရှိမှုကို ရေလုပ်ငန်းရှင်ဖြစ်သူ ကိုအောင်ဇော်လင်းက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်ကို အကြောင်းကြားခဲ့တယ်လို့ ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးမွန်က  ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာတွေမတွေ့ရှိရဘူးလို့ ဆိုပါတယ်။

ရေနစ်သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနေပြီး ရေးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013